ထီးချိုင့်မြို့နယ်၊ ကက္ကူကျေးရွာအနီးအကြမ်းဖက် KIA/PDF နှင့် နယ်မြေရှင်းလင်းရေးစစ်ကြောင်းအဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ရာ အကြမ်းဖက်အလောင်း၊လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ဇန်နဝါရီလ ၂၇

ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ကက္ကူကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များနှင့်အကြမ်းဖက် KIA/PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပသည်။

ဒေသခံပြည်သူများ၏ လျှိုဝှက်သတင်းပေးပို့ချက်အရ နယ်မြေရှင်းလင်းရေးစစ်ကြောင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ ကက္ကူကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက် KIA/PDF ၂ လောင်း၊ KA အမျိုးအစားသေနတ် ၂ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည်မျိုးစုံ ၁၂၃ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ အီကွေမန့် ၁ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရပြီး တပ်မတော်စစ်ကြောင်းအဖွဲ့မှ တစုံတရာထိခိုက်မှုမရှိကြောင်းသိရှိရပသည်။

PAN