ရွှေဘိုမြို့တွင် မိုင်းနင်းမိ၍ မြေးအဖွားနှစ်ဦး ဒဏ်ရာအပြင်း အထန်ရရှိ

ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ သီးလုံးကျေးရွာအထွက်တွင် လူသတ်အကြမ်းဖက် PDF များ ထောင်ထားသောမိုင်းနင်းမိ၍ မြေးအဖွား ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်

ဇန်နဝါရီလ ၂၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင် သီးလုံးကျေးရွာမှ ပန်းရံကျေးရွာသို့ ကျေးရွာချင်းဆက်လမ်းအတိုင်း မြေးဖြစ်သူနှင့်အဖွားဖြစ်သူတို့ မော်တော်ဆိုင်ကယ်ဖြင့်မောင်းနှင်လာစဉ် သီးလုံးကျေးရွာအထွက်တွင် PDF များထောင်ထားသည့် မိုင်းအားနင်းမိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မိုင်းပေါက်ကွဲမူကြောင့် သီးလုံးကျေးရွာတွင်နေသည့် အသက် ၆၃ နှစ်အရွယ် ဒေါ်မြလင်းမှာ ညာလက်နှင့် ခါးအောက်ပိုင်းတို့တွင် ဒဏ်ရာများရရှိပြီး(စိုးရိမ်ရ)၊ မြေးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မနေခြည်ဝင်းမှာ နဖူး၊ ညာလက်၊ ညာခြေ ထောက်တို့တွင်ဒဏ်ရာများ(စိုးရိမ်ရ) အသီးသီးရရှိခဲ့သောကြောင့် ဒေသခံလူမှုကူညီရေးအသင်းမှ ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံမှ ချမ်းအေး သာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင် ကုသလျက်ရှိကြောင်း သိရှိရပါသည်။

PAN