မလေးရှားနိုင်ငံရှိ ဘားတစ်ခုတွင် ဖမ်းဆီးခံရသည့် အဆိုတော်အေမီစျာန် အပါအဝင် ၃ ဦး ပြန်လွတ်ပြီ


ဇန်နဝါရီ ၂၅

မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် ပြုလုပ်သည့်ပွဲတစ်ခုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ အဆိုတော် အေမီစျာန်အပါအဝင် ၃ ဦးပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အေမီစျာန်နှင့် Sexy မော်ဒယ် ဖူးပွင့်ခိုင်တို့နှင့်အတူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအချို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်က မလေးရှားနိုင်ငံက မွေးနေ့ပွဲတစ်ခုကို သွားရောက်ဖျော်ဖြေစဥ် မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ယနေ့ တွင် အေမီစျာန်အပါ အဝင် ၃ ဦးပြန်လည်လွတ်မြောက်လာသော်လည်း sexy မော်ဒယ် ဖူးပွင့်ခိုင်နှင့် ကီးဘုတ်ဆရာတို့မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။

ဆက်လက်ချုပ်နှောင်ထကာအေမီစျာန်တို့၏ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူတွေရဲ့ပြောဆိုချက်အရ အေမီဈာန်နှင့် အတူ ရန်ကုန်မှလိုက်ပါလာသည့် သုံးယောက်ပြန်လွတ်လာပြီ ၊ဖူးပွင့်ခိုင် မှာဆေးလဲကျထားတာဖြစ်တာကြောင့် ဆက်လက်ချုပ်​နှောင်ထားကြောင်းသိရပြီး မနက်ဖြန် (ဇန်နဝါရီလ ၂၆ ရက်) တွင် မလေးရှားနိုင်ငံဥပဒေအရ ချုပ်ရမန် ပြည့်ပြီဖြစ်၍ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံအတွင်း အော်ပရာဇီ အဖမ်းအစီးများကြမ်းနေချိန်တွင် ရှိုးပွဲများပြုလုပ်ရန် စီစဉ် ခဲ့ခြင်းကြောင့် အခုလို အဖမ်းရတာဖြစ်ကြောင်း မလေးရှားရောက် မြန်မာများရဲ့ လူမှုကွန်ယက်စာမျက်နှာများတွင် မှတ်ချက်ပေး ဝေဖန်မှုများရှိလည်း ရှိခဲ့သည်။

အေမီဈာနှင့် ဖူးပွင့်ခိုင်တို့၏ ရှိုးပွဲများကို မလေးရှားနိုင်ငံမြို့ကြီးများတွင် ဖျော်ဖြည်ရန် ကြော်ငြာခဲ့တာဖြစ်ပြီး ပီနန်းပြည်နယ်၊ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club တွင် ကျင်းပခဲ့သည့် Sexy မော်ဒယ်တစ်ဦးဖြစ်သူ ဖူးပွင့်ခိုင်၏ မွေးနေ့ပွဲ၌ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။

ယခုမှာတော့ ​အဆိုတော် အေမီစျာန်တို့ကို ဖမ်းဆီးထိန်းသိမ်းထားသည့် ဂျာဝိရဲစခန်းမှ ကွာလာလမ်းပူမြို့သို့ ပို့ဆောင်​ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

#PAN