TOYOTA HILUX အမျိုးအစား(အဖြူရောင်)ယာဉ်နှင့်‌မူကြိုကျောင်းသွားပို့သည့် ဆိုင်ကယ်တို့ ယာဉ်တိုက်မှုဖြစ်ရာ မိခင်ဖြစ်သူ သေဆုံး


ဇန်နဝါရီ ၂၃

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့နယ် ၊ နမ္မတီးမြို့ ၊ မြို့လှရပ်ကွက် ၊ ရွှေလှိုင်းရေသန့်စက်ရုံအနီးတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

မိခင်ဖြစ်သူ အသက် ၅၈ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် လမ်းခွကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ ၅ နှစ်အရွယ် သားငယ်ကို မူကြိုကျောင်းသို့ သွားရောက် ပို့ဆောင်စဉ် TOYOTA HILUX အမျိုးအစား(အဖြူရောင်)ယာဉ်နှင့်တိုက်မိပြီး ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိကာ မိခင်ဖြစ်သူသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ဆိုင်ကယ်နောက်မှလိုက်ပါလာသော ကလေးငယ်မှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ကလေးငယ်ကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူထားကြောင်းသိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews