ပီအက်စ်ဂျီအသင်းက တိုက်စစ်မှူး အမ်ဘတ်ပီကို တစ်နှစ်လုပ်ခ လစာ ယူရို သန်း ၁၀၀ ဖြင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်း

ဇန်နဝါရီ ၂၂

ပီအက်စ်ဂျီအသင်းက အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် အဓိကတိုက်စစ်မှူး အမ်ဘတ်ပီကို တစ်နှစ်လုပ်ခလစာ ယူရို သန်း ၁၀၀ ဖြင့် သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် အမ်ဘတ်ပီသည် ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းမှ ပီအက်စ်ဂျီအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားပြီးနောက် ၂၀၁၈ ခုနှစ်တွင် အပြီးသတ်စာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့ကာ လက်ရှိစာချုပ် သက်တမ်းမှာ ယခုဘောလုံး ရာသီအကုန် ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီကို လက်မလွှတ် လိုသည့်အတွက် ၂၀၂၃ ခုနှစ်ကတည်းက သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း အမ်ဘတ်ပီကိုယ်တိုင်က ရီးယဲလ်မက်ဒရစ်အသင်း သို့ ပြောင်းရွှေ့ကစားလိုသည့်အတွက် လက်ရှိအချိန်ထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ငြင်းဆန်ထားခြင်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် လက်မလျှော့သေးဘဲ ကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင်လည်း မက်မောဖွယ်လုပ်ခလစာဖြစ် သည့် တစ်နှစ်လုပ်ခလစာ ယူရို သန်း ၁၀၀ ဖြင့် ကမ်းလှမ်းမှုပြုလုပ်ထားပြီး အမ်ဘတ်ပီကိုယ်တိုင်က အနာဂတ်ကို ယခုဘောလုံး ရာသီကုန်မှသာ ဆုံးဖြတ် ဖွယ်ရှိကြောင်း သိရပါတယ်။