အစိုးရအတွက်ဟူသည်ထက် နိုင်ငံ့အတွက်၊ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခြင်းဖြစ်ရန်လိုသည်ဟု နစကဥက္ကဋ္ဌပြော


ဇန်နဝါရီ ၂၁


မိမိအနေဖြင့် ပညာရေးကို ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်လျက်ရှိပြီး ပညာရပ်ပိုင်းဆိုင်ရာ ချီးမြှင့်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး အစိုးရအတွက်ဟူသည်ထက် နိုင်ငံ့အတွက်၊ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခြင်းဖြစ်ရန်လိုပြီး အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ယာယီတာဝန်ယူခြင်းသာဖြစ်ပြီး ဆရာ ဆရာမများ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့တာဝန်များကို အမြဲတမ်းတာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားလိုက်သည်။

အစိုးရတစ်ရပ်သည် ၎င်းတို့၏ မူဝါဒကို အကောင်အထည်ဖော်၍ နိုင်ငံကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ နိုင်ငံကိုကောင်းအောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထို့ကြောင့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုကြည့်၍ မိမိတို့တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကာ နိုင်ငံ့အတွက် လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင် ရွက်ကြစေလိုလည်း နစက ဥက္ကဋ္ဌ တိုက်တွန်းပြောကြားထားပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၀ ရက်နေ့က ပုသိမ်တက္ကသိုလ်စာကြည့်တိုက်အတွင်းနှင့် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား ယခုလို မှာကြားခဲ့ကြောင်းသိရသည်။

#PAN