၂၀၁၇ ခုနှစ်က နေမာရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေ

ဇန်နဝါရီလ ၂၀


ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ နေမာ ရဲ့ အပြောင်းအရွှေ့ကို ဒီအပတ်တနင်္လာနေ့ကစပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် ခဲ့ပါတယ်။ ပြင်သစ်အစိုးရ အဂတိလိုက်စားမှုနဲ့ အခွန်လိမ်လည်မှုတိုက်ဖျက်ရေးဗဟိုရုံးက အဲဒီအပြောင်းအရွှေ့ကို စုံစမ်းစစ်ဆေးဖို့အတွက်ညွှန်ကြားခဲ့တာဖြစ်ပြီးတော့ ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းရရှိခဲ့တဲ့ဖြစ်စဉ်ဟာ နောက်ကွယ်မှာ လာဘ်ပေးလာဘ်ယူနဲ့ အခွန်ရှောင်တိမ်းမှုတွေရှိမယ်လို့ ယုံကြည်ရပါတယ်။
ဒီဖြစ်စဉ်သာ ပြစ်မှုထင်ရှားခဲ့ရင် ပီအက်စ်ဂျီအသင်းအနေနဲ့ ကြီးလေးတဲ့ပြစ်ဒဏ်ကို ချမှတ်ခံရဖွယ် ရှိနေသလို အဓိကပါဝင်ပတ်သက်သူတွေဟာလည်း ထောင်ဒဏ်ကျခံရဖွယ် ရှိပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews