“GCC Fight One မြန်မာ-ထိုင်းလက်ဝှေ့စိန်ခေါ်ပွဲမှာ ထွန်းထွန်းမင်းရဲ့ညီ ထွန်းမင်းအောင်နှင့် မြန်မာဖိုက်တာများ အနိုင်ရရှိ”

ဇန်နဝါရီလ ၁၆

GCC Fight Oneမှစီစဉ်ကျင်းပတဲ့ မြန်မာ-ထိုင်းလက်ဝှေ့စိန်ခေါ်ပွဲမှာ အဓိကတွဲဆိုင်းအဖြစ် ပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြတဲ့ လက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ညီဖြစ်သူ ထွန်းမင်းအောင် အပါအဝင် မြန်မာဖိုက်တာများ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး GREAT CAIRO CLUB စီစဉ်တဲ့ GCC FIGHT ONE ပြိုင်ပွဲကို ဇန်နဝါရီလ ၁၄ ရက်က သိမ်ဖြူလက်ဝှေ့ရုံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲမှာ အဓိကခေါင်တွဲဆိုင်းအဖြစ် ထွန်းမင်းအောင် (ထွန်းထွန်းမင်းကလပ်) နှင့် Taksila Kamsing (မွေထိုင်း)၊ ဒုတိယအဓိကခေါင်တွဲဆိုင်းအဖြစ် လူငယ်ခြေတက် သန့်ဇင် (တော်ဝင်ဧရာကလပ်) နှင့် Vachvicha (မွေထိုင်း) တို့၏ပွဲအပြင် အခြားတွဲဆိုင်းများက ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဓိကတွဲဆိုင်းဖြစ်တဲ့ ထွန်းမင်းအောင် နှင့် Taksila Kamsing တို့ပွဲစဥ်မှာ ထွန်းမင်းအောင်က ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယအဓိကတွဲဆိုင်းဖြစ်တဲ့ သန့်ဇင် နှင့် Vachvicha တို့ရဲ့ပွဲစဥ်မှာလည်း သန့်ဇင်က အလဲထိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews