အီရန်သည် အီရတ်ကာဒစ်စတန်ရှိ အမေရိကန်တပ်ဖွဲ့များထံသို့ ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခဲ့

ဇန်နဝါရီ ၁၆

      ရှားရှားပါးပါး ကြေငြာချက်တစ်ခုတွင် အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် (IRGC) က ၎င်းသည် အီရတ်ကာဒစ်စတန်တွင် “သူလျှိုဌာနချုပ်” တစ်ခု အဖြစ်နှင့် “အီရန်ဆန့်ကျင်ရေး အကြမ်းဖက်အဖွဲ့များ စုစည်းမှု” တစ်ခုအဖြစ် ရည်ညွှန်းထားသည့်နေရာကို ပစ်မှတ်ထား၍ ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။

      ဒေသတွင်းရှိ နေရာအများအပြားကို လှုပ်ခတ်သွားစေသည့် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တနင်္လာနေ့ညနေပိုင်းတွင် အဆိုပါ ကြေညာ ချက်ထွက်ပေါ်လာသည်။ တိုက်ခိုက်မှုများကြောင့် အီရတ်ကာဒစ်စတန်မြို့တော် Erbil လေဆိပ်တွင် လေကြောင်းသွားလာမှု ရပ်ဆိုင်းသွားခဲ့သည်။

      အီရန်နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့တွင် ဖော် ပြချက်အရ Erbil တွင် “သူလျှိုစင်တာများနှင့် အီရန်ဆန့်ကျင်ရေးအကြမ်းဖက်အဖွဲ့များစုဝေးရာနေရာများ” ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။  အမေရိကန်နိုင်ငံမှ တပ်ဖွဲ့ဝင်များ အပါ အဝင် နိုင်ငံတကာ တပ်ဖွဲ့များ စုဝေးရာ Erbil လေဆိပ်တွင် လေကြောင်း သွားလာမှု ရပ်ဆိုင်းထားရသည့် ပေါက်ကွဲမှုများကို မြင်တွေ့ခဲ့ရသည်။

    ထို့အပြင်၊ အစီရင်ခံစာများအရ Erbil လေဆိပ်အထက်ရှိ ကာကွယ်ရေးစနစ်များသည် အီရန်နှင့် မဟာ မိတ်အဖွဲ့ တစ်ခု​ဖြစ်သော အီရတ်ရှိ ပြည်သူ့စစ် အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့က ပစ်လွှတ်သော လက် နက်ကိုင်မောင်းသူမဲ့လေယာဉ်ကို အောင်မြင်စွာ ချေ မှုန်းနိုင်ခဲ့ကြောင်း အစီရင်ခံစာများက ဖော်ပြသည်။  ၎င်းဒရုန်းမှာ အမေရိကန် အဆောက်အဦများကို ပစ် မှတ်ထားနေသည်ဟု သတင်းရရှိခဲ့သည်။  အီရတ် ကာဒစ်စတန်ရှိ အကြမ်းဖက်မှု တန်ပြန်ရေးလုပ်ငန်းများက ပျက်ပြားသွားသော တိုက်ခိုက်မှုကို အတည်ပြုခဲ့သော်လည်း အသေအပျောက် သို့မဟုတ် အခြေခံအဆောက်အအုံများ ပျက်စီးခြင်းအတွက် တရားဝင် အချက်အလက်များ မသိရှိရပေ။

      Sky News က Erbil ရှိ အမေရိကန်ကောင် စစ်ဝန်ရုံးကို “အဖျက်စွမ်းအားကြီးမားသော တာဝေးပစ်ဒုံးကျည်များ”ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။  ထို့အပြင် Sky News က Erbil လေဆိပ်တွင် အမေရိကန်အခြေစိုက်စခန်းသို့ မရောက်ရှိမီ ဒုံးကျည်အများအပြားကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း Sky News က ဖော်ပြခဲ့သည်ဟု i24 News အရ သိရပါ သည်။

#PAN