တပ်မတော်(ရေ)မှ မြန်မာ့ပင်လယ်ပြင်တွင် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် သိမ်းဆည်းရမိ

ဇန်နဝါရီ ၁၂

တပ်မတော်(ရေ)မှ မြန်မာ့ပင်လယ်ပြင်တွင် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၃ နာရီ ခွဲတွင်တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင် (ခန့်မှန်းမြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီဂရီ ၂၁ ဒသမ ၉ မိနစ်)၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ် (သစ်သားကိုယ်ထည်) ရန်လင်း ကျော်(၄) အမည်ရှိ စက်လှေအား စစ်ဆေးရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း(ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့်တို့ လေးဦးနှင့်အတူ တန်ဖိုးငွေ ကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိအိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးချက်အရ ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီခွဲတွင် အိုက်စ် (မက်သ် အဖက်တမင်း)များ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူစိုးကျော်(ခ) စိုးစိုးကျော်အား တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ကမ်းနီးတံတားတို ဆိပ်ကမ်းတွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ် အဖက်တမင်း)များကို ဟိုင်းကြီး ကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှ ကော့သောင်း ရေပိုင်နက်သို့ သယ်ဆောင်ပြီး ၎င်းမှတစ် ဆင့် ပြည်ပသို့ ဆက်လက်ပို့ဆောင်မည် ဖြစ်ကြောင်းသိရှိရသဖြင့် အိုက်စ် (မက်သ်အဖက်တမင်း)များ တာဝန် ခံသယ် ဆောင်သူများ ဖြစ်သည့်  ချစ်ထူးနိုင်(ခ) ဆရာချစ်နှင့်ကျော်ဇင်ဦးတို့ပါ တရားခံခုနစ်ဦးအား ဥပဒေအရအရေးယူထားရှိ ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN