“အမေရိကန်၏ စွန့်စားခန်းဖွင့်မှုက ပင်လယ်နီဒေသအတွင်း လုံခြုံရေးအခြေအနေကို ပိုဆိုးစေနိုင်”

ဇန်နဝါရီလ ၁၁

  ပင်လယ်နီဒေသအတွင်း အမေရိကန်တို့၏ စွန့်စားခန်းဖွင့်မှုက ယိုင်နဲ့နဲ့ဖြစ်နေပြီဖြစ်သည့် ထိုဒေသ၏ လုံခြုံရေးအခြေအနေကို ပိုဆိုးစေနိုင်ကြောင်းနှင့် ဒေသတွင်းငြိမ်းချမ်းရေးကို အန္တရာယ်ဖြစ်စေမယ်လို့ သတိပေး လိုက်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။
  အီရန်ရေတပ်က ပင်လယ်နီဒေသအတွင်း အနိမ့်ပျံဒုံးကျည်တင် စစ်သင်္ဘောတစ်စင်းကို ဖြန့်ကြက် ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာတွင် ယခုကဲ့သို့သတိပေးလိုက်ခြင်းဖြစ်သည်။
  အစ္စရေး-ဟားမတ် ပဋိပက္ခနှင့်စပ်လျဉ်း၍ ဟူသီသူပုန်များက ပင်လယ်နီဒေသအတွင်းရှိ အစ္စရေး၊ အမေရိကန်တို့နှင့် ဆက်စပ်နေသည့် ကုန်တင်သင်္ဘောများကို ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းကြောင့် အမေရိကန်က ၎င်းဦးဆောင်သော မဟာမိတ်အဖွဲ့အနေဖြင့် ထိုဒေသအတွင်းရှိ ဟူသီသူပုန်များကို တိုက်ခိုက်ရန် လုပ်ဆောင်လာစဉ် အီရန်တို့က ယခုကဲ့သို့ စစ်သင်္ဘောဖြန့်ကြက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews