ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဌေးအောင်(ပြည်သူ့စစ်ခေါင်းဆောင်)အပါအဝင် အဖွဲ့ဝင် ၃ ဦးပစ်ခတ်ခံရ၍ သေဆုံး

ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးအောင်ဆိုသူ အပါဝင် ၃ ဦးပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရှိရပါသည်။

ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ် (၉)ရပ်ကွက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရတာဖြစ်ကြောင်း သိရပါသည်။

အဆိုပါဖြစ်စဉ်ကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေဘို မြို့နယ်၊ မြင်းစီးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဌေးအောင် ၅၀ နှစ်နှင့် ၎င်းတူဖြစ်သူ မောင်ဂျေလင်းစိုး ၁၉ နှစ်တို့အတူ Mark II ယာဉ်ဖြင့် မြင်းစီးကျေးရွာမှ ရွှေဘိုမြို့ဘက်သို့ ထွက်ခွာလာစဉ် အမှတ် ၉ ရပ်ကွက်အရောက် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က လားရာတူနောက်မှ မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဌေးအောင်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဦးဌေးအောင်ကားပေါ်တွင် စုစုပေါင်း လူ ၄ ဦး သေနတ် ၃ လက်ပါလာပြီး ကားဝပ်ရှော့တွင် ကားပြင်နေစဉ် အကြမ်းဖက် PDF များက ၈ ဖွဲ့ပေါင်းကာ လိုက်လံ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးဌေးအောင်အပါအဝင် ပြည်သူ့စစ် ၃ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိကြောင်း၊ ကျန် ၁ ဦးက PDF ၈ ဖွဲ့ကို ခံပစ်နေသဖြင့် PDF များက ဆုတ်ခွာထွက်‌ပြေးသွားကြောင်း သိရှိရပါသည်။

ဦးဌေးအောင်ကို ချောင်းမြောင်းပစ်ခတ်မှုတွင် PDF ၈ ဖွဲ့ဖြစ်သည့် War Lord Defense Force PDF(B-4 /C-2) နှင့် Guardian Force PDF (B-4/C-1)၊ Snake Eyes – PDF(B4/C-3)၊ Zoe Defense Force PDF (SHWEBO)၊ ဘီလူး ညီနောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား UG အဖွဲ့ ၊ သိင်္ခအားမာန်ပြည်သူ့ကာကွယ်ရေး စသည့် အကြမ်းဖက်အဖွဲတွေက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ မြေပြင်သတင်းများအရ သိရှိရပါသည်။

PAN