တရုတ်နိုင်ငံမှ ဝယ်ယူမှုကြောင့် မြေပဲလုံးဆန် အရောင်းအဝယ်ကောင်းနေ

ဒီဇင်ဘာ ၃၁

      ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံမှ အဝယ်လိုက်နေသည့်အတွက် မန္တလေးဈေးကွက်အတွင်းမှာ မြေပဲလုံးဆန်များ အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးမြို့ရှိ ပွဲရုံလုပ်ငန်းရှင်အသိုင်း အဝိုင်းမှ သိရပါသည်။

      မန္တလေးဈေးကွက်အတွင်းသို့ နွားထိုးကြီး၊ ပုဂံ၊ ညောင်ဦး၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ချောက် စသည့် ဒေသအသီးသီးမှ မြေပဲလုံးဆန်များ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါ မြေပဲလုံးဆန်များကို တရုတ်နိုင်ငံမှ ဝယ်လိုအားကြောင့် တစ်ပိဿာလျှင် ငွေကျပ် ၇,၃ဝဝ၊ မြေပဲ လုံးဆန် S-1(အဖြူ)တစ်ပိဿာ ငွေကျပ် ၇,၁ဝဝ ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းနေကြောင်း သိရသည်။

      လက်ရှိ မန္တလေးဈေးကွက်အတွင်း မြေပဲလုံးဆန်အပြင် နယ်စုံဒေသမှ ဆောင်းမြေပဲများလည်း လှိုင်လှိုင် ဝင်ရောက်နေပြီး မြေပဲဆီဆန်များလည်း အရောင်းအဝယ်ကောင်းနေကြောင်း ၎င်းက ဆက် လက်ပြောကြားပါသည်။

       မြေပဲသီးနှံကို မန္တလေးတိုင်းဒေသကြီး၊ စစ် ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်း ဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြောင်း သိရသည်။

#PAN