၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်း ၆၈ ရာခိုင်နှုန်းပြီးနေပြီဟု ဆို

ဒီဇင်ဘာ ၃၁

      ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းများမှာ လက်ရှိတွင် စီမံကိန်းလုပ်ငန်းများ၏ ၆၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရပါသည်။

      စီမံကိန်းမှာအသုံးပြုမည့် အထောက်အကူပစ္စည်းများ ကြိုတင်သယ်ယူပို့ဆောင်ခြင်းလုပ် ငန်းများကို ကြိုတင်ဆောင်ရွက်ထားရမှာဖြစ်ပြီး ဆောင်ရွက်နေသည့် မြို့ပြလုပ်ငန်းများကိုလည်း ဝန်ထမ်းအင်အား၊ စက်ယန္တရား အင်အား၊ လုပ် ငန်းဆောင်ရွက်ချိန်များကို ပိုမိုတိုးချဲ့စုဖွဲ့ကာ ဟန်ချက်ညီပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရမှာဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်သည့် အခါတွင်လည်း ကျန်ရှိနေသည့်လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန် ဇယားများ ရေးဆွဲထားပြီး ၎င်းအချိန်ဇယားများအတိုင်း သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး အဆင့် ဆင့်ကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ် သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း က ပြောကြားခဲ့ပါသည်။

       ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းများမှာ ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး လုပ် ဆောင်နေခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN