ပရီးမီးယာလိဒ် အားကစား သတင်းများ

ဒီဇင်ဘာ ၃၁

• အဝေးကွင်းအမှတ်ပြည့်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်း

      ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လူတန်အသင်းနဲ့  ချဲလ်ဆီးအသင်း တို့ပွဲစဉ်မှာ ချဲလ်ဆီး အသင်းက လူတန်အသင်းကို ၃ ဂိုး၊ ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ အမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ အိမ်ရှင်လူတန်အသင်းကို အကောင်းဆုံးဖိအားပေး ကစားထားနိုင်ခဲ့ပြီး အပြန် အလှန် သွင်းဂိုးတွေ သွင်းယူခဲ့ကြပါတယ်။
      ချဲလ်ဆီးအသင်းအတွက် သွင်းဂိုးတွေကို ပါမား က ပွဲချိန် ၁၂ မိနစ်နဲ့  မူဒါကီ က ပွဲချိန် ၃၇ မိနစ်မှာ ဦး ဆောင်ဂိုးတွေသွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
      ဒုတိယပိုင်းမိနစ် ၇၀ မှာ ပါမား က ချဲလ်ဆီးအသင်းအတွက် သွင်းဂိုးတစ်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။  ပွဲချိန်မိနစ် ၈၀ ကျော်မှာ အိမ်ရှင်လူတန်အသင်းက ပြန်လည်ဖိအားပေး ကစားခဲ့ပြီးတော့ ဘာကလေ နဲ့ အဒီဘာယော့ တို့က ချေပဂိုးတွေ ပြန်လည်သွင်းယူခဲ့ပါတယ်။
      ပွဲအပြီးမှာတော့ ချဲလ်ဆီးအသင်းက ၃ ဂိုး၊ အိမ်ရှင်လူတန်အသင်းက ၂ ဂိုးနဲ့ အဝေးကွင်းလာရောက် ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းက အနိုင်ရရှိခဲ့ပြီး အမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။

• ပွဲမစခင် ဖလား ၅ လုံး ထုတ်ပြခဲ့တဲ့ မန်စီးတီး

      မန်စီးတီးအသင်းသည် ရှက်ဖီးယူနိုက်တက်အသင်းနှင့်ယှဥ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မတိုင်မီ ၂၀၂၃ ခုနှစ်အတွင်း ရရှိခဲ့တဲ့ဆုဖလား ၅ လုံးကို မိတ်ဆက်ပြသခဲ့ပါတယ်။
      မန်စီးတီးအသင်းဟာ အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြက္ခဒိန်နှစ် တစ်နှစ် အတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုများကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
      အဆိုပါပွဲစဉ်မှာ အိမ်ရှင် မန်စီးတီးအသင်းက ရှက်ဖီးအသင်းကို ၂ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

• အရှုံးနဲ့ရင်ဆိုင်ရပြန်တဲ့ မန်ယူအသင်း

      ပရီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် နော်တင်ဟမ်အသင်းနဲ့ မန်ယူအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အိမ် ရှင် နော်တင်ဟမ်အသင်းက မန်ယူအသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
      အိမ်ရှင်နော်တင်ဟမ်အသင်းအတွက် သွင်းဂိုးတွေကို ဒိုမင်ဂွက်ဇ် က ၆၄ မိနစ်နဲ့ ဂစ်ဘ်၀ှိုက် က ၈၂ မိနစ် တို့မှာ သွင်းယူပေးခဲ့ပြီး မန်ယူအသင်းအတွက် ရက်ဖို့ဒ် က သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
      အခုပွဲစဉ်ကြောင့် မန်ယူအသင်းက အဆင့် (၇)သို့ ရောက်ရှိခဲ့ပြီး တန်ဆင်းဇုန်နားကပ်နေတဲ့ နော်တင်ဟမ် အသင်းက အဆင့်(၁၅)မှာ ရပ်တည်နေပါတယ်။

#PAN