တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၃၀

     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ အကောက် ခွန်ဦးစီးဌာန၏ စီမံခန့် ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၂၇ ရက်တွင် သီလဝါကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင် စာရွက်စာ တမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်
အမျိုးသမီးဝတ် အထည်မျိုးစုံ ၁၄၆ ထည်၊ ဂျပန်နိုင်ငံထုတ် Face Wash ၂၆၂ ဘူး၊ Fruit Juice ဘူး ၃၀၀၀ အပါအဝင် ကုန်ပစ္စည်း ၁၇ မျိုး (ခန့် မှန်းတန်ဖိုးငွေကျပ် ၄၁,၃၆၉,၀၀၀)ကို လည်း ကောင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်း ကုန်ကြေညာလွှာတွင် ကြေ ညာထားသည်နှင့် ကွဲ လွဲစွာပါရှိလာသည့် Atom Toys ၅၀၀၀ အပါ အဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၀၄၀,၀၀၀)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်း ကုန်)၌ ခရီး သည်တစ်ဦးထံမှ ရွှေဟုယူဆရသည့် အမဲရောင်ဆေးသုတ်ထားသော ခါးပတ်ခေါင်းတစ်ခု (ခန့် မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို လည်း ကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Tolsen Safety Boot ဖိနပ် ၉၈ ကီလိုဂရမ် အပါအဝင် ကုန် ပစ္စည်း ၂၂ မျိုး (ခန့် မှန်းတန်ဖိုးငွေကျပ် ၄,၉၃၇,၈၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်း(ခန့် မှန်းတန်ဖိုးငွေကျပ် ၁၇၀,၃၄၆,၈၀၀)ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

     ထို့အပြင် ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့နယ်၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Hilux Surf ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်၊ ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ် ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန် – နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် (၂၅/၂)၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၁၀၁ တန် (ခန့်မှန်းတန် ဖိုးငွေကျပ် ၄,၃၄၁,၉၆၀)နှင့် အဆိုပါသစ်များ တင် ဆောင်လာသည့် Fuso Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)ကို သစ်တောဥပဒေအရ
လည်းကောင်း၊ ရွာသာကြီး Dry Port ၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် 100% Rayon Fabric၉၂၆၈ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၉၀၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် MAN Tractor Head တစ်စီးနှင့်နောက်တွဲယာဉ်တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ် နည်းများအရလည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁,၂၄၃,၉၆၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက် နှင့် ၂၉ ရက်တို့တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၂၈၆ တန်နှင့် အခြားသစ် သုည ဒသမ ၇၄၅ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀,၈၃၄ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်
လျက်ရှိသည်။

       သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၁,၅၅၁,၅၉၄ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN