ဂျပန်ကုမ္ပဏီ ၃၀၀ နီးပါးက မြန်မာလုပ်သား ၁,၀၀၀ ကျော် ထပ်မံခေါ်ယူ

ဒီဇင်ဘာ ၃၀

     ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၁,၀၀၀ ကျော် ထပ်မံခေါ်ယူထားသည်ဟု တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာလ ၂၉ ရက်မှာ အသိပေးထုတ်ပြန်ပါသည်။ မြန်မာလုပ်သားများ ခေါ်ယူရန် ကမ်းလှမ်းထားသော အလုပ်ခေါ်စာများထဲက ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၉ ရက်နေ့အတွင်း စိစစ်ပြီး ဖြစ်သည့် အလုပ်ကမ်း လှမ်းစာ ၂၉၅ ခုကို ထုတ်ပြန်ထားခြင်း ဖြစ်ပါသည်။

      အဆိုပါ အလုပ်ကမ်းလှမ်းစာများအရ အမျိုး သား ၄၃၂ ဦးနှင့် အမျိုးသမီး ၇၂၇ ဦး စုစုပေါင်း ၁,၁၆၅ ဦးကို  ခေါ်ယူမည်ဖြစ်သည်ဟု သိရပါသည်။ ဂျပန်နိုင်ငံက မြန်မာသံရုံးအနေနှင့် အလုပ်ကမ်းလှမ်းထားသည့် စက်ရုံ၊ ကုမ္ပဏီများမှာ ဂျပန်နိုင်ငံ၌ တရားဝင်တည် ထောင်ထားခြင်း ရှိ/မရှိနှင့် စာရွက်စာတမ်း အထောက် အထားများကို စိစစ်ပြီး တွေ့ရှိချက် သဘောထားမှတ် ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန မှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို ပြန်လည် ပေးပို့ထားခြင်း
ဖြစ်သည်ဟု သိရပါသည်။

#PAN