ကျိုက်ထိုမြို့နယ်တွင် လ/ထအကောက်ခွန်မှူးနှင့် ၎င်း၏ ဇနီးတို့အား အကြမ်းဖက်သမား PDF များက နေအိမ်သို့ လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

ဒီဇင်ဘာ ၃၀

       မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် လ/ထအကောက်ခွန်မှူးနှင့် ၎င်း၏ ဇနီးတို့အား အကြမ်းဖက်သမား PDF များက ယနေ့ မွန်းလွဲပိုင်းက နေအိမ်သို့ လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်ဖြင့်မောင်းနှင် ထွက်ပြေးသွားသည်ဟု သိရပါသည်။

      ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာနေ ဒေါ်မြင့်မြင့်ခိုင်၊ ၄၀ နှစ်၊ (ဘ)ဦစံမြင့်၊အရောင်း အဝယ်လုပ်ကိုင်သူနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ လ/ထအကောက် ခွန်မှူး ဦးသန်းလွင်၊ ၅၈ နှစ်၊ (ဘ)ဦးကျော် တို့ ၂ ဦးသည် နေအိမ်တွင်ရှိနေစဉ် ယနေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အကြမ်း ဖက်သမား PDF ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၁ စီးဖြင့် လာရောက်၍ လက်နက်ငယ်ဖြင့် ပစ်ခတ်ကာ မုပ္ပလင်ကျေးရွာဘက်သို့ မောင်းနှင် ထွက် ပြေးသွားခဲ့သည်ဟု ဆိုသည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန်းလွင် တွင် ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝမ်း ဗိုက်ဝဲဘက်ဖောက်ဝင်ဒဏ်ရာ၊ ကျော ကုန်းဖောက်ဝင်ဒဏ် ရာ၊ မေးစေ့အောက်ဖောက်ဝင်ဒဏ်ရာ၊ ယာဒူးဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ဒေါ်မြင့်မြင့်ခိုင် တွင် ဦးခေါင်းဝဲဘက်ဂျိုစောင်းထိပ်ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) အသီး သီးရရှိခဲ့သည်။

      ဦးသန်းလွင် မှာ ဟားခါးမြို့နယ်တွင်တာဝန်ကျပြီး ခွင့်ပြန်လာသူဖြစ်ကြောင်း သိရပြီး ၎င်းတို့နှစ်ဦးကို ကျိုက်ထို ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN