PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ  ၁ ဦး သေဆုံး၊ ၂ ဦး ဗုံးစ ထိမှန်ဒဏ်ရာများရရှိ

ဒီဇင်ဘာ ၂၉

      တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက် သမားများက စစ်ရေးပစ်မှတ် မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွား လာရာ လမ်းတံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ် စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်း ဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

      ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက် သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ နယ်၊ မြင်းစီး ကျေးရွာအတွင်းသို့ ကျေးရွာ၏ အနောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာရှိ မအူပင် (အရှေ့)ကျေးရွာဘက်မှနေ၍  Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက် ခဲ့သည်။ ထိုသို့ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ  အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

      ယခုကဲ့သို့  အပြစ်မဲ့ပြည်သူများအား အကြောက်တရားများ လွှမ်းမိုးလာစေရန် ရည် ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက် သမားများကို ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် နယ် မြေဒေသတည် ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

#PAN