စမ်းချောင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး ၆လွှာတိုက်၏ဝရံတာမှ ခုန်ချမှုဖြစ်ပွား

ဒီဇင်ဘာ ၂၈

     ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်း ချောင်းမြောက်ရပ်ကွက်၊ စမ်းချောင်းလမ်း၊ အမှတ် (၃၂/၆လွှာ/ဘီ)မှ အမျိုးသမီး(၁)ဦးသည် ယနေ့ နံနက်ပိုင်းက တိုက်ခန်း၏ဝရံတာပေါ်မှ ခုန်ချခဲ့ကြောင်း သိရသည်။

​​      စမ်းချောင်းမြို့နယ်၊ စမ်းချောင်းမြောက်ရပ်ကွက်၊ စမ်းချောင်းလမ်း၊ အမှတ်(၃၂/၆လွှာ/ ဘီ)၊  တွင် နေ ထိုင်သူ ဒေါ်စိုးသင်္ကြန်၊ ၅၆နှစ်၊ (ဘ)ဦးဇင်မင်းထွန်း သည် စိတ်ဝေဒနာခံစားနေရသူဖြစ်ပြီး ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်က ယခုလို ခုန်ချခဲ့ခြင်း ဖြစ် သည်။ ထိုသို့ ခုန်ချမှုကြောင့် ဦးခေါင်းနှောက်စေ့ ၂ လက်မခန့် ကွဲ အက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

      အဆိုပါထိခိုက်ဒဏ်ရာရရှိသည့်အမျိုးသမီးအား ရဲသူရိန်ပရဟိတအသင်း လူနာတင်ယာဉ်ဖြင့် နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိ ကြောင်း သတင်းရရှိသည်။

#PAN