IDF မှ ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံတွင် ဟားမတ်စ်တို့ ထိန်းသိမ်းခံ ဓားစာခံများကို ခြေရာခံမိ

ဒီဇင်ဘာ ၂၇

     အစ္စရေးတပ်မတော် IDF မှ ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းတွင် ဂါဇာမြောက်ပိုင်း Jabalaya အနီးရှိ အင်ဒိုနီးရှားဆေးရုံအောက်တွင် ဓားစာခံနှစ်ဦး၏ ခြေရာခံမိခြင်းကိုထုတ်ပြန်ခဲ့ပြီး IDF မှ ပြောကြားချက်အရ အောက်တိုဘာ ၇ ရက်နေ့အတွင်း ဟားမတ်စ်တို့မှ ပြန်ပေးဆွဲခံရသည့် Samer Talalka ပိုင် Toyota Corolla ကား အဝါရောင် တစ်စီးကို ဆေးရုံဝန်းအတွင်းပိုင်းတွင် တွေ့ရပြီး Tallka သည် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် IDF အဖွဲ့မှ မှားယွင်းပစ်ခတ်ခဲ့သည့် ဓားစာခံ ၃ ဦးထဲမှ ၁ ဦးဖြစ်ကြောင်း သိရသည်။

     ထို့ပြင် ယင်းကားအတွင်းပိုင်းတွင် မည်သူမှန်း မသိရသော ဓားစာခံတစ်ဦး၏ သွေးများကို ပခုံးထမ်း လောင်ချာတစ်လက်၏ အပိုင်းအစများနှင့်အတူ ခြေ ရာခံမိခဲ့သည်။ ဒုတိယ ဓားစာခံကိစ္စနှင့် ပတ်သက်၍ IDF မှ မည်သည့်အချက်မျှ ဖော် ထုတ်ပြောကြားခြင်း မရှိဘဲ ယင်းကားမှာ ဆေးရုံအောက်ရှိ အခြားကားတစ်စီးနှင့်အတူ အောက်တို ဘာ ၇ ရက်နေ့ တိုက်ခိုက်မှုတွင် အသုံးပြုထားကြောင်းတွေ့ရှိရပြီး ဟားမတ်စ်နှင့် ချိတ် ဆက်နေ သည်ဟု ဆိုသည်။

        ယခင်က IDF သည် ဂါဇာမြို့တွင်း ရှီဖာဆေးရုံသို့ ခေါ်ဆောင်ခံခဲ့ရသည့် အခြားသော ဓားစာခံ ၂ ဦး ပါ ဝင်သောဗီဒီယိုများကို ဖော်ထုတ်ရရှိခဲ့ပြီး အင်ဒိုနီးရှားဆေးရုံသည် ဟားမတ်စ်တို့၏ အကြမ်းဖက်မှုများနှင့် စစ်ဖက်ဆိုင်ရာ လှုပ် ရှားဆောင်ရွက်မှုများအတွက် စုဖွဲ့စည်းဝေးသည့် နေရာအဖြစ် အသုံးပြုကာ ယခုလက် ရှိ စစ်ပွဲအတွင်း ဟားမတ်စ် လက်နက်ကိုင်အဖွဲ့များ သည် ဆေးရုံအတွင်းမှ စောင့်ကြည့်နေကြကြောင်း၊ ဆေးရုံဝန်းကျင်အနီးတွင် ရှီဖာဆေးရုံ ကဲ့သို့သော ဥမင်ပေါက်များကို တွေ့ရှိခဲ့ပြီး ဟားမတ်စ်တို့က ဆေးရုံအောက်သို့ ခြေရာခံမိခြင်း မရှိဘဲ ဝင်ထွက်သွားလာနိုင်ရန် ပြုလုပ်ထားကာ ဟားမတ်စ်တို့နှင့် ဆက်စပ်နေသည့် ဆေးရုံမှ လူနာ ကြည့်ရှုကုသခွင့်ကို ကန့်သတ်ထားကြောင်း၊ IDF တို့ လက်နက် အမြောက်အမြား တွေ့ခဲ့သည့် ရှီဖာနှင့် ရမ်တီဆီဆေးရုံများနှင့် မတူညီသည်မှာ အဆိုပါဆေးရုံအတွင်း လက်နက်များ ရှိ/မရှိ ဖော်ထုတ်မရခြင်း ဖြစ်ကြောင်း IDF မှ ထုတ်ပြန်ထား သည်။

      ဟားမတ်စ် တပ်ဖွဲ့များသည် ဆေးရုံမှ ထွက်သွားကြပြီး လက်နက်ဂိုဒေါင်များကို ရှင်း လင်းသွားသည်ဟု IDF မှ ယူဆထားကာ သေချာ မသိရသေးဟု ဆို သည်။ IDF ၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၂၅  ရက်နေ့တွင် ဂါဇာမှ အစ္စရေးဘက်သို့ ဒုံးကျည် ပစ်ခတ်မှုကိန်းဂဏန်း အနည်းငယ်မျှသာရှိခဲ့ပြီး ယမန်နေ့ကလည်း ပစ်ခတ်မှု လျော့ကျ လာသည်ကို တွေ့ရကြောင်း၊ လွန်ခဲ့သည့် ရက်အနည်းငယ်က ဒုံးကျည်အမြောက်အမြား ပစ်ခတ်ခဲ့မှုများ ရှိခဲ့သော်လည်း ဂါဇာမှ ဒုံးကျည်ပစ်ခတ်မှုသည် IDF မှ ဂါဇာ တောင်ပိုင်းသို့ မြေပြင်စစ် ဆင်ရေး လေးပတ်ကြာ ဝင်ရောက်ပြီးချိန်မှစ၍ နိုင်ငံ၏ နေရာအနှံ့အပြားသို့ ပစ်ခတ်မှု အတော် လျော့နည်းလာကြောင်း ဂျေရုဆလင်ပို့စ်တွင် ဖော်ပြထားပါသည်။

#PAN