၂၀၂၄ ခုနှစ် အာဆီယံခရီးသွားပြပွဲကို  မြန်မာကိုယ်စားပြုကုမ္ပဏီ လေးခု က သွားရောက်ပြသမယ်

ဒီဇင်ဘာ ၂၇

      ၂၀၂၄ ခုနှစ်အာဆီယံခရီးသွားပြပွဲကို အလှည့်ကျအနေနှင့် လာအိုနိုင်ငံတွင် ကျင်းပသွားရန်ရှိနေပြီး  မြန်မာနိုင်ငံ ကိုယ်စားပြုအနေနှင့် ကုမ္ပဏီလေးခုက သွားရောက်ပြသမည်ဖြစ်သည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါသည်။

     အဆိုပါ ခရီးသွားပြပွဲများကို အာဆီယံ ၁၀ နိုင်ငံမှ တစ်နှစ်လျှင် အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနေခြင်းဖြစ်ပြီး လာမည့်နှစ်အတွက် လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အလှည့်ကျခြင်း ဖြစ်ပါသည်။ ယခုပြပွဲမှာ အာဆီယံနိုင်ငံများအကြား ခရီး သွားကဏ္ဍအတွက် သတင်းအချက်အလက်များ အသိ ပေး နိုင်ရန် အခွင့်အလမ်းကောင်းများ ဖြစ်သည်ဟု သိရပါသည်။

       ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်က အာဆီယံခရီးသွားပြပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံက ကိုယ်စားပြုခရီးသွားကုမ္ပဏီ ၆ ခုပါဝင်ပြသခဲ့ပါသည်။ အဆိုပါပြပွဲမှာ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ပြခန်းပေါင်း ၃၀၀ ခန့် ပြသခဲ့သည်ဟု သိရပါသည်။

#PAN