Puma သည် အစ္စရေးနိုင်ငံ ဘောလုံးအသင်းအား ၂၀၂၄ ခုနှစ်တွင် စပွန်ဆာပေးမှုကို အဆုံးသတ်မည်

ဒီဇင်ဘာ ၁၂

      အားကစားအမှတ်တံဆိပ် Puma သည် အစ္စရေးနိုင်ငံ၏ ဘောလုံးအသင်းအား ၂၀၂၄ ခုနှစ်တွင် စပွန်ဆာပေးခြင်းကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

      အဆိုပါ လှုပ်ရှားမှုသည် ပြီးခဲ့သောနှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဂါဇာစစ်ပွဲအတွင်း အစ္စရေးနိုင်ငံအပေါ် စားသုံးသူသပိတ် မှောက်ရန် တောင်းဆိုမှုများနှင့် မသက်ဆိုင်ကြောင်း ဂျာမန်အားကစားဝတ်စုံကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

       ပါလက်စတိုင်း ၁၈၀၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာတွင် အစ္စရေး၏ နှစ်လကြာ ထိုးစစ်ဆင်မှုအတွင်းတွင် Puma သည် ၎င်း၏အမှတ်တံဆိပ်မဟာမိတ်ဖြစ်သော အစ္စရေးဘောလုံးအသင်း (IFA) နှင့် ၎င်း၏ အမှတ်တံဆိပ်ပူးပေါင်းခြင်းအတွက် သပိတ်မှောက်ရန် တောင်းဆိုမှုများကို ကာလအတန်ကြာ ရင်ဆိုင်ခဲ့ရသည်။

       Reuters သတင်းဌာနသို့ အီးမေးလ်ပေးပို့သည့် ကြေညာချက်တွင် Puma မှ ပြောရေးဆို ခွင့်ရှိသူက ဆားဘီးယားနှင့် အစ္စရေးတို့ အပါ အဝင် အသင်းချုပ်များစွာနှင့် ကုမ္ပဏီ၏ စာချုပ်များသည် ၂၀၂၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

       Puma သည် ၎င်း၏ “ပိုနည်းသော – ပိုကြီးသော – ပိုသာလွန်သော နည်းဗျူဟာ” ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံအသင်းအသစ်များနှင့် သဘောတူညီမှုများကို မကြာမီ ကြေညာတော့မည်ဖြစ်ကြောင်း ပြော ရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

     Puma သည် “ကျွန်ုပ်တို့၏နိုင်ငံအသင်းများစာရင်းတွင် ခိုင်မာသေချာစေရန်အတွက် အခြားရှိပြီးသားမိတ်ဖက်များအားလုံးကို ဆက်လက်အကဲဖြတ်သွားမည်ဖြစ်သလို အခြားလာမည့်အခွင့်အရေးများကို ဆက်လက်အကဲဖြတ်သွားမည်” ဟု အဆိုပါမှတ်စုတွင် ဖော်ပြထားသည်။

      Puma သည် ၂၀၁၈ ခုနှစ်တွင် ကစားသမားများအတွက် ဝတ်စုံများပေးအပ်ရန် IFA နှင့် ၎င်း ၏ စာချုပ်ကို ပထမဆုံး ချုပ်ဆိုခဲ့သည်ဟု Aljazeera သတင်းတွင် ဖော်ပြထားသည်။

#PAN