မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာတွင် အခြေပြုနေသော တပ်မတော်လုံခြုံရေးစစ် ကြောင်းအား အကြမ်းဖက် PDF များက ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားပြီး သံဃာ တစ်ပါးဒဏ်ရာရ

ဒီဇင်ဘာ ၁၂

      မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ကျောက် တံတားကျေးရွာတွင် အခြေပြုကာ လုံ ခြုံရေးတာဝန်ဆောင်ရွက်လျက်ရှိသည့် တပ်မ တော်လုံခြုံရေးစစ် ကြောင်းအား အကြမ်းဖက် PDF အဖွဲ့(အင်အားစီစစ်ဆဲ)က ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ကျောက်တံတားဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ လာရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန် လည်ခုခံပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

     အဆိုပါတိုက်ပွဲဖြစ်ပွားရာ ကျောက်တံတား ဘုန်း ကြီးကျောင်းမှ သံဃာတစ်ပါးဖြစ်သော ဦးတေဇဝံသ (ခ)အောင်မျိုးဝင်း၊၂၅နှစ်၊(၁)ဝါ၊(ဘ)ဦးမျိုးလွင်၊ကျောက်တံတားကျေးရွာ၊မတ္တရာမြို့နယ်နေသူသည် ကြောက်လန့်၍ ထွက်ပြေးရာမှ သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

     အဆိုပါ သံဃာ ဦးတေဇဝံသ တွင် ဝဲဘက်လက်ဖျံ သေနတ်ကျည်ဖောက်ထွက်ဒဏ်ရာ၊ ယာဘက်ဒူး သေ နတ်ကျည်ဖောက်ထွက်ဒဏ်ရာ(မစိုးရိမ်ရ)ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊အရေးပေါ်နှင့် ပြင်ပလူနာဌာနသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိသည်။

#PAN