စမ်းချောင်းမြို့နယ်က မီးလောင်မှုကို Level 1 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာ ငြှိမ်းသတ်နိုင်ခဲ့

ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်း(မြောက်)ရပ်ကွက်၊ ကြံခင်းလမ်းမှာ ဖြစ်ပွားနေတဲ့ မီးလောင်မှုမှာ Levle 1 အဆင့်နဲ့ မီးငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

စမ်းချောင်းမြို့နယ်၊ ကြံခင်းလမ်းက လူနေတိုက်ခန်း (၄)လွှာမှာ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိခဲ့တာကြောင့် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး ထွက်ခွာပြီး ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် နေ့လယ် ၁ နာရီ ၇ မိနစ်မှာ Level 1 ယာဉ်အုပ်စုတွေ ထွက်ခွာငြှိမ်းသတ်ကြပြီး ၁ နာရီ ၁၃ မိနစ် အချိန်မှာ မီးထိန်းနိုင်ခဲ့သလို ၁ နာရီ ၁၉ မိနစ်အချိန်မှာတော့ မီးငြိမ်းခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

#PAN

Telegram Link

https://t.me/positiveanglenews