နွားထိုးကြီး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းဝင်းအား ယမန်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် PDF အဖွဲ့များမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းဝင်း(၂၈)နှစ်သည် ကလေးကျောင်းကြိုရန် ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် နေအိမ်မှထွက်ခွာသွားခဲ့ပြီး ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် လိုက်လံရှာဖွေရာတွင် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်းသိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ်ကျော်ဆန်းဝင်းသည် နဖူးယာဘက်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲပုခုံးဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာ ခြေသလုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးခဲ့ပြီး ၎င်းစီးနင်းသွားသည့် Honda Click အမျိုးအစား အဖြူရောင် မော်တော်ဆိုင်ကယ်နှင့် Redmi အမျိုးအစား လက်ကိုင်ဖုန်းကို လုယက်ယူဆောင်သွားခဲ့ကြောင်းသိရသည်။
#PAN
Telegram Link
https://t.me/positiveanglenews
