ပေါက်မြို့နယ်၊ ဇီးပြားရွာ ပြည်သူ့စစ်စခန်းကို KIA/ PDF များမှ အင်အားအလုံးရင်းနှင့် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်များ ထိခိုက်သေဆုံးမှုများစွာဖြင့် ထွက်ပြေး သွားကြောင်း သိရ


နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ ပြည်သူ့စစ်စခန်းကို ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များက သာလွန်အင်အား အများအပြားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ​ကျေးရွာပြည်သူ့စစ်အဖွဲ့၏ ခုခံတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ပြည်သူ့စစ်များက ရဲရဲဝံဝံ ခုခံတိုက် ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့၏ သေဆုံးအလောင်းများကို မကောက်နိုင်ဘဲ ကစဥ်ကလျား ဆုတ်ခွာ ထွက်ပြေးကြရာ ၎င်းအကြမ်းဖက် PDF အလောင်း ကျား ၂၆ လောင်း၊မ ၁ လောင်း၊ စုစုပေါင်း ၂၇ လောင်း၊ ဘီအေ-၆၄ သေနတ် ၁ လက်၊ စနိုက်ဘာသေနတ် ၂ လက်၊ အမ်-၄ သေနတ် ၁ လက်၊ အမ်-၂၂ သေနတ် ၂ လက်၊ ၁၂ ဗို့သေနတ် ၁ လက်၊ အမ်-၁၆ သေနတ် ၁ လက်၊ အေကေ-၂၅ သေနတ် ၃ လက်၊ အေကေ – ၄၇ သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၄ လက်၊ ကျည်အိမ် ၁၇ ခု၊ ကျည်မျိုးစုံ ၆၃ တောင့်၊လက်ပစ်ဗုံး ၅ လုံး၊ ဒရုန်းအကြီး ၁ စင်း၊ အိုင်ကွန် ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN