နေတန်ယာဟုက ဂါဇာစစ်ပွဲသည် အဆင့်သစ်တစ်ခုသို့ ဝင်ရောက်ခဲ့ပြီး ရှည်လျားခက်ခဲမည်ဟု ဆို

အောက်တိုဘာ ၂၉

      အစ္စရေးဝန်ကြီး Benjamin Netanyahu က ဂါဇာကမ်းမြောင်သို့ မြေပြင်တပ်များ စေလွှတ်ပြီး မြေပြင်၊ ဝေဟင်နှင့် ပင်လယ်ပြင်တို့မှ တိုက်ခိုက်မှုများကို တိုးချဲ့ခြင်းဖြင့် ဟားမတ်စ်ကို ဆန့်ကျင်သည့်စစ်ပွဲတွင် “ဒုတိယအဆင့်” ကို ဖွင့်လှစ်ထားကြောင်း အစ္စရေးဝန်ကြီး ဘင်ဂျမင်နေတန်ယာဟုက စနေနေ့ညတွင် ပြောကြားခဲ့သည်။

     စစ်ပွဲကို သူ့နိုင်ငံ၏ ရှင်သန်ရေးတိုက်ပွဲအဖြစ် ပုံဖော်ကာ နယ်မြေကျယ်ကျယ်ပြန့်ပြန့် ကျူးကျော်ဝင်ရောက်မှုမတိုင်မီတွင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း ၎င်းက သတိ ပေးခဲ့သည်။

     “လုပ်မလား သို့မဟုတ် အသေခံမလားဆိုတဲ့ နိုင်ငံတစ်ခုမှာ ဖြစ်နိုင်ခြေ နှစ်ခုနဲ့ ရင်ဆိုင်နေရသည့် အခိုက် အတန့်များ ရှိသည်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။  “အခု ကျွန်တော်တို့ ဒီစမ်းသပ်မှုကို ရင်ဆိုင်နေရပြီး ဘယ်လိုအဆုံး သတ်မလဲဆိုတာ သံသယဖြစ်စရာ မရှိပါဘူး၊ ကျွန်တော်တို့ အောင်နိုင်သူတွေ ဖြစ် လာမှာပါ။  ငါတို့လုပ်မယ်၊ အောင်ပွဲခံမယ်။” ဟု ၎င်းကဆို သည်။

      စစ်ပွဲ၏ အပြင်းထန်ဆုံးဟု ဂါဇာဒေသခံများကဖော်ပြသည့် ဗုံးကြဲတိုက်ခိုက်မှုသည် သောကြာနေ့နှောင်းပိုင်းတွင် နယ်မြေအတွင်း ဆက်သွယ်ရေးအများစုကို ဖြတ်တောက်ခဲ့ပြီး ဝိုင်းရံခံထားရသော လူ ၂.၃ သန်းကို ကမ္ဘာနှင့် အဆက်ဖြတ်တောက်ခဲ့သည်။ တယ်လီကွန်းကုမ္ပဏီ၊ အင်တာနက်အသုံးပြုခွင့် ထောက်ခံအားပေးရေးအဖွဲ့  NetBlocks.org နှင့် မြေပြင်မှ သတင်းအတည် ပြုချက်တို့အရ ဂါဇာရှိ လူအများအပြားကို တနင်္ဂနွေနေ့အစောပိုင်းတွင် ဆက်သွယ်ရေးများ ပြန်လည်ရရှိခဲ့သည်။

      စစ်ပွဲ၏ အပြင်းထန်ဆုံးဟု ဂါဇာဒေသခံများကဖော်ပြသည့် ဗုံးကြဲတိုက်ခိုက်မှုသည် သောကြာ နေ့နှောင်းပိုင်းတွင် နယ်မြေအတွင်း ဆက်သွယ်ရေးအများစုကို ဖြတ်တောက်ခဲ့ပြီး ဝိုင်းရံခံထားရသော လူ ၂.၃ သန်းကို ကမ္ဘာနှင့် အဆက်ဖြတ်တောက်ခဲ့သည်။ တယ်လီကွန်းကုမ္ပဏီ၊ အင်တာနက်အသုံးပြုခွင့် ထောက်ခံအားပေးရေးအဖွဲ့  NetBlocks.org နှင့် မြေပြင်မှ သတင်းအတည် ပြုချက်တို့အရ ဂါဇာရှိ လူအများအပြားကို တနင်္ဂနွေနေ့အစောပိုင်းတွင် ဆက်သွယ်ရေးများ ပြန်လည်ရရှိခဲ့သည်။

     လက်ရှိတိုက်ခိုက်မှုများကို မီးမောင်းထိုးပြသည့်အနေဖြင့် အစ္စရေးစစ်တပ်သည် နယ်စပ်အနီးရှိ ဂါဇာကမ်းမြောင်ဒေသများရှိ ဖြည်းညှင်းစွာရွေ့ လျားနေသည့် တင့်ကားစစ်ကြောင်းများကို ပြသကာ ဟားမတ်စ်ဥမင်လိုဏ်ခေါင်းများနှင့် မြေ အောက်ဘန်ကာဒါဇင်ပေါင်းများစွာကို   လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။  မြေအောက်ဆိုဒ်များသည် လွန်ခဲ့သည့်သုံးပတ်က အစ္စရေးသို့ သွေးထွက်သံယို ကျုးကျော်ပြီးနောက် နယ်မြေစိုးမိုးရေးအဖွဲ့ကို ချေမှုန်းရန် အစ္စရေး၏ တိုက်ပွဲစဥ်တွင် အဓိကပစ်မှတ်ဖြစ်သည်။

       ဂါဇာမှ စစ်သွေးကြွများက ဂါဇာမှ အနီးနားရှိ အစ္စရေးမြို့များသို့ စီးနင်းဝင်ရောက်ကာ အရပ် သားများနှင့် စစ်သားများကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏ သောင်းကျန်းမှုတွင် ဖမ်းဆီးထားသော ဒါဇင်နှင့်ချီသော ဓားစာခံများ လွတ်မြောက်ရေးအတွက် အစ္စရေးအစိုးရအား ပြည်တွင်းဖိအားများ တိုးမြင့်လာစေခဲ့သည်။  အထင်ကရ ဂျူးအားလပ်ရက်အတွင်း မကြုံစဖူး တိုက်ခိုက်မှုသည် အရှေ့အလယ်ပိုင်းတွင် ပိုမိုကျယ်ပြန့်သော ပဋိပက္ခအဖြစ်သို့ ပျံ့နှံ့သွားနိုင်သည့် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စစ်ပွဲကို စတင်ခဲ့သည်။

#PAN