တောင်သမန်ကျေးရွာရှိ ဦးပိန်တံတား၊တတိယမြောက်ဇရပ်အနီး(ပုဏ္ဏမဇရပ်) တံတား အောက်ခံဆင့်တန်းဆွေးမြေ့ပြီး တံတားကြမ်းခင်းပြိုကျ

အောက်တိုဘာ ၂၉

      မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊တောင်သမန်ကျေးရွာရှိ ဦးပိန်တံတား၊တတိယမြောက်ဇရပ်အနီး(ပုဏ္ဏမဇရပ်) တံတားကြမ်းခင်း၊အောက်ခံဆင့်တန်းမှာ ဟောင်းနွမ်းဆွေးမြေ့ပြီး ာနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်ခန့်က ပြိုကျခဲ့ရာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး တံတားပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာအနည်းငယ်စီရရှိခဲ့သည်ဟု သိရပါသည်။

    ” ဒီနေ့က သီတင်းကျွတ်လပြည့် အခါကြီး၊ ရက်ကြီးရုံးပိတ်ရက်ဆိုတော့ ဦးပိန်တံတားကို အလည်လာတဲ့ ဧည်သည်များတယ်၊ တံတားပေါ်ကဖြတ်လျှောက်ကြတော့ အောက်ခံတန်းကဆွေးနေတယ်ဆိုတော့ လူများတဲ့ဝန်အလေးချိန်ကို မခံနိုင်တော့ ကျိုးကျသွားပါ၊ ၇ ယောက်လောက် အောက်ပြုတ်ကျသွားတယ်၊ ပွန်းပဲ့ဒဏ်ရာလောက်ဘဲရတာပါ ” ဟု မျက်မြင်တွေ့လိုက်သူ အမျိုးသားတစ်ဦး ပြောပြလာပါသည်။

       ဦးပိန်တံတားသည်  ၁၈၅၉ ခုနှစ်တွင် မင်းတုန်းမင်း လက်ထက် ၎င်း၏မြို့တော် ကို အမရပူရမှ မန္တလေးနေပြည်တော်သို့ ရွှေ့ပြောင်းသော အခါ နန်းတော်ဟောင်းမှကျန်ရစ်သော ကျွန်းသစ်အလုံးရေ ၁၀၀ ကျော်ကို အမရပူရမြို့ဝန်ကရယူ၍ တောင်သမန်အင်းကိုဖြတ်ကာ တံတားတည် ဆောက်ခဲ့ခြင်းဖြစ် ကြောင်း၊ အင်းတစ်ဖက်ကမ်းမှ တစ်ဖက်သို့ သွားလာရသည့် အချိန်လျှော့ချနိုင်ခဲ့ပြီး တံတား၏အမည်ကို တည်ဆောက်သူ ဦးပိန် ၏အမည်ကို ရယူ၍ ဦးပိန် တံတားဟုခေါ်ဆိုခဲ့ကြကြောင်း သိရပါသည်။

      ဦးပိန်တံတားသည် ယနေ့ကာလအထိ တောင်သမန်အင်း၏ အထင်ကရပြယုဂ်အနေဖြင့်ထင်ရှားလျက်ရှိသည်။

#PAN