ဘွန်ဒက်လီဂါပွဲစဉ်ရှစ်ပွဲမှာ သွင်းဂိုးကိုးဂိုးအထိ ဟယ်ရီကိန်း သွင်းယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၃)နေရာကို တက်လှမ်းခွင့်ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်

အောက်တိုဘာ ၂၃

       အောက်တိုဘာ၂၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်(၈)မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ မိန့်ဇ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်းက သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

       အဲဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက်
သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၁၁ မိနစ်မှာ
ကင်စလေကိုးမန်းကတစ်ဂိုး၊ ၁၆ မိနစ်မှာ ဟယ်ရီကိန်းက တစ်ဂိုးနဲ့ ဒုတိယပိုင်း ပွဲကစားချိန် ၅၉ မိနစ်မှာ ဂိုရက်ဇ်ကာက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့ပြီး မိန့်ဇ်အသင်းအတွက် ချေပဂိုးကိုတော့ ၄၃ မိနစ်မှာ အန်တိုနီကာဆီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

      ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒုတိယသွင်းဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် ဘွန်ဒက်လီဂါပွဲစဉ်ရှစ်ပွဲမှာ သွင်းဂိုးကိုးဂိုးအထိရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

       ဘိုင်ယန်မြူးနစ်အသင်းဟာ မိန့်ဇ်အသင်းကို
အနိုင်ရရှိခဲ့တာကြောင့် ရမှတ် ၂၀ နဲ့အတူ အမှတ် ပေးဇယားအဆင့် (၃)နေရာကို တက်လှမ်းခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အခြားသောပွဲစဉ်တွေမှာတော့ စတုဂတ်အသင်းက ယူနီယံဘာလင်အသင်းကို သုံးဂိုး-ဂိုးမရှိ၊ ဖရိုင်းဘတ်အသင်းက ဘိုချွမ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ လိုက်ပ်ဇစ်အသင်းက ဒမ်စ်တက် အသင်းကို သုံးဂိုး-တစ်ဂိုး၊ ဖရန့်ဖက်အသင်းက ဟော်ဖန်ဟိမ်းအသင်းကို သုံးဂိုး-တစ်ဂိုး၊ လေဗာကူဆင် အသင်းက ဝုလ်စ်ဘတ်အသင်းကို နှစ်ဂိုး-တစ်ဂိုး စသဖြင့် အသီးသီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

#PAN