မြိုင်မြို့နယ်၊ ကျောက်ဖူးကျေးရွာအနီး၌ တပ်မတော်စ်ကြောင်းနှင့် အကြမ်းဖက်PDFအဖွဲ့တို့  ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အလောင်းလေးလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၀

     ယနေ့ နံနက် ၆နာရီခွဲအချိန်ခန့်က မကွေးတိုင်း​ဒေသ​ကြီး၊ မြိုင်မြို့နယ်၊ ကျောက်ဖူးကျေးရွာအနီး၌ အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း ဒေသခံရွာသားများက နီးစပ်ရာလုံခြုံရေးအဖွဲ့သို့ လျှို့ဝှက် သတင်းပေးပို့လာရာ နယ်မြေခံ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ အကြမ်း ဖက်PDFအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် PFF များအနေဖြင့် ကစဥ်ကလျားဆုတ် ခွာထွက်ပြေးသွားကြကြောင်း သိရသည်။

     အဆိုပါတိုက်ပွဲ​နေရာမှ အကြမ်းဖက် PDF များ၏ အမ်-၂၂ သေနတ် ၁ လက်၊ BTS-12 Bull Pup Shot Gun ၁ လက် ၊ လက်လုပ်သေနတ် (အရှည်) ၃ လက်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊  BTS-12 Bull Pup Shot Gun ကျည်အိမ် ၁ ခု၊ ၁၂ဗို့ ကျည် ၅ တောင့်၊ ၁၀ ယောက်အိပ်လူနေတဲ ၃ လုံး၊  မီးဖိုတဲ ၁ လုံး၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ အကြမ်းဖက်သမား PDF ၄ ဦးကို အသေဖမ်း ဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       ယခင်လအတွင်းမှ စတင်၍ တပ်မတော်စစ် ကြောင်းများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက  နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိပြီး ဒေသခံပြည်သူများကလည်း အကြမ်းဖက် PDF များ၏ လှုပ် ရှားမှုသတင်းများကို လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီလာကြသဖြင့် အကြမ်း ဖက် PDF များနှင့် ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျှက်ရှိကြောင်း၊ အကြမ်း ဖက်အဖွဲ့များမှာလည်း ၎င်းတို့၏ အကြမ်းဖက်များ၏ အလောင်းများကို ကောက်ယူနိုင်ခြင်မရှိဘဲ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကာ ၎င်းတို့၏ လက် နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေကြောင်း သိရပါသည်။

#PAN