အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များက လုံခြုံရေးအဖွဲ့ကို Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ရာမှ လမ်းသွားပြည်သူ ၁၀ နှစ်အရွယ်ကလေးအပါအဝင်နှစ်ဦး ဗုံးစထိမှန် ဒဏ်ရာရ

အောက်တိုဘာ ၆

      ယနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အကြမ်း ဖက်သောင်းကျန်းသူ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား ၁၀ ဦးခန့်သည် ကော့ကရိတ်မြို့၏ အရှေ့ မြောက်ဘက် အဘောဘုရားကုန်းဘက်မှ ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ် ကွက်၊ ဓမ္မရာမဘုန်းကြီးကျောင်းကုန်းတွင် လုံခြုံ ရေးယူထားသည့် လုံခြုံရေးအဖွဲ့ကို Drone ဖြင့် Drop Bomb နှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

       အဆိုပါ Drop Bomb သည် ဓမ္မရာမဘုန်း ကြီးကျောင်းအနီး အမှတ်(၂)ရက်ကွက်မှ ၀င်းကြီးကွက်သစ်သို့ သွားသည့်လမ်းတွင်ကျရောက် ပေါက်ကွဲပြီး လမ်းသွားပြည်သူများဖြစ်ကြသော ဦးအောင်ကိုလတ်၊ ၄၆ နှစ်၊ (ဘ)ဦးရွှေအောင်၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်၊ ကွက်သစ်၊ ဝန်းကြီးရပ်၊ အမှတ်(၂)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာလက်မောင်း၊ ယာလက်ဖျံ၊ ယာဝမ်းဗိုက်ဘေး၊ ဝဲ/ယာခြေသလုံးတို့တွင် (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး၊ မောင်ဥက္ကာဖြိုး၊ ၁၀ နှစ်၊ (ဘ)ဦးမင်းဇော်၊ ဗမာ/ဗုဒ္ဓ၊ ကျောင်းသား(Grade 4)၊ ခရင်းကုန်းရပ်၊ အမှတ် (၂)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် နှာခေါင်းနှင့် ယာနားရွက်နောက် ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ၎င်း ဒဏ်ရာရလူနာ နှစ်ဦးအနက် ဦးအောင်ကိုလတ် ကို ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံမှတစ်ဆင့်  ဘားအံဆေး ရုံသို့ လွှဲပြောင်း၍ ဆေးကုသခံယူလျှက်ရှိကြောင်း သိရပါသည်။

       အလားတူ  ညနေ ၄ နာရီ ၃၉ မိနစ်အချိန်ခန့်တွင် ဒုတိယအကြိမ် ထပ်မံ၍ Drop Bomb တစ်လုံးကျရောက်ခဲ့ရာ ၎င်းဗုံးမှာ ပထမ အကြိမ်ကျရောက်သောနေရာနှင့် ကိုက် ၂၀ ခန့်အကွာလောက်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး လူ၊ ပစ္စည်းထိခိုက်မူမရှိကြောင်း သတင်းရရှိပါသည်။

#PAN