ယခုနှစ် ၉ လတာကာလအတွင်း EV မော်တော် ယာဉ် အစီးရေ ၉၀၀ ကျော်မှတ်ပုံတင်ထား

အောက်တိုဘာ ၆

     ၂၀၂၃ ခုနှစ် ၉ လတာကာလအတွင်း ပြည် တွင်း၌ EV မော်တော်ယာဉ်အစီးရေ ၉၁၈ စီး မှတ်ပုံတင် ထား သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

      ပြီးခဲ့သည့် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ လူစီး EV မော်တော်ယာဉ် ၉၁၆ စီးနှင့် ကုန်တင်ယာဉ် (ဝန်ပေါ့) ၂ စီး တို့ကို မှတ်ပုံတင်ခွင့်ပြုပေးထားခြင်း ဖြစ်ပါသည်။

     လက်ရှိ ဈေးကွက်ပေါက်ဈေးအနေနဲ့ EV ကားအမျိုးအစားပေါ်မူတည်ကာ ကျပ်သိန်း ၉၀၀ ကျော်မှ ကျပ်သိန်း ၂,၀၀၀ ကျော်အထိ ပေါက် ဈေးရှိနေပြီး ပြည်တွင်းသို့ EV ကားများဆက် တိုက် ဝင်လာသော် လည်း ဈေးနှုန်းကျဆင်းခြင်း မရှိသေးကြောင်း EV ကားဈေးကွက်အတွင်းမှ သိရပါသည်။

      ပြည်တွင်းမှာ စက်တင်ဘာလအထိ မှတ်ပုံတင်ထားတဲ့ EV ယာဉ်အမျိုးအမျိုး ၃,၀၆၅ စီး ရှိကြောင်း ကုန်း လမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရပါသည်။

#PAN