MMA ကစားသမားဘဝမှ အနားယူခဲ့ပြီး ဖြစ်တဲ့ အန်ဂျလာလီ

အောက်တိုဘာ ၂

        MMA ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်တဲ့ အန်ဂျလာလီ ဟာ တိုက်ခိုက်ရေးကြိုးဝိုင်းအတွင်းကနေ အနားယူပြီလို့ စက်တင်ဘာလ ၃၀ ရက်မှာ အတည်ပြုလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ One Fight Night 14 ပြိုင်ပွဲ အတွင်းမှာပဲ အန်ဂျလာလီက သူ့ရဲ့ဆုံးဖြတ် ချက်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

        အသက် ၂၇ နှစ်ပဲ ရှိသေးတဲ့ အန်ဂျလာလီ ဟာ One Championship ရဲ့ အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ပြီး ၂၀၂၂ အောက်တို ဘာလနောက်ပိုင်းပွဲတွေ ထိုးသတ်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ပွဲထိုးသတ်တဲ့ ကြိုးဝိုင်းထဲကို ဝင်လာခဲ့ပြီးနောက် အန်ဂျလာလီ ဟာ သူမရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကြိုးဝိုင်အလယ်မှာ ချထားခဲ့ပြီးနောက် သူမအနားယူတဲ့သတင်းကို မျက်ရည်တွေနဲ့ ပရိသတ်ကို အသိပေးသွားခဲ့တာ ဖြစ်ပါတယ်။

        သူမကြေညာနေချိန်မှာ ပရိသတ်တွေက လက်ခုပ် တီးကာ အားပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကြိုးဝိုင်း အတွင်းမှာ ပွဲတွေများစွာကိုထိုးသတ်ခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုတွေကိုရခဲ့ဖူးတာက သူမရဲ့ဘဝမှာ မမေ့နိုင်တဲ့ အမှတ်တရတွေဖြစ်ပါတယ်လို့ အန်ဂျလာလီက ပြောသွားခဲ့ပါတယ်။ အန်ဂျလာလီဟာ အသက် ၁၉ နှစ်အရွယ်မှာပဲ ကမ္ဘာ့ချန်ပီယံဆုကို ရခဲ့တာဖြစ်လို့  ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ချန်ပီယံအဖြစ်မှတ်တမ်းဝင်ထားခဲ့ဖူးသူဖြစ်ပါတယ်။

#PAN