တပ်ကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာအနီးရှိ ရေလွှဲမြောင်းအတွင်း အရက်ကြောင်နေသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး


အောက်တိုဘာ ၁

​နေ​ပြည်​တော် ၊တပ်ကုန်းမြို့နယ်၊ ထန်းတောကြီးကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာနှင့် ကံလှအုပ်စု တံခွန်တိုင်ကျေးရွာအကြား တံခွန်တိုင်ကျေးရွာအနောက်ဘက် (၁)မိုင်ခန့် အကွာ ဦးနုရေလွှဲမြောင်းတွင် ယမန်နေ့ နံနက်၁၀နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

အခင်း​​ဖြစ်ရာ​နေရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ရေနစ်သေဆုံးနေသူ ဇာနည်ထွန်း(ခ)ထွန်းထွန်း အသက် ၃၅ နှစ်၊ (ဘ)ဦးညွှန့်ခင်သည် ထန်းတောကြီးကျေးရွာနေသူဖြစ်ကြောင်း၊ တံခွန်တိုင်ကျေးရွာနေသူ ဦးသောင်းထိုက်မှ ဦးနုရေလွှဲမြောင်းအတွင်း အလောင်း​တွေ့ရှိသ​ဖြင့် အော်ဟစ်အကူအညီတောင်းခံခဲ့ရာ အနီးအနားရှိ ဦးသိန်းမြင့် နှင့် ကိုဝင်းဗိုလ်တို့နှင့်အတူ သေဆုံးသူအမျိုးသားအား ရေထဲမှဆယ်၍ မြောင်းဘေးရှိ လယ်ကွက်ပေါ် ဆွဲတင်ပေးခဲ့ကြောင်း၊ သေဆုံးသူ၏ ဦးလေးတော်စပ်သူ ဦးလှသန်းအား မေးမြန်းရာ သေဆုံးသူသည် အရက်အလွန်အကျွံ သောက်သုံးသူဖြစ်ပြီး အရက်ကြောင်ကြောင်ကာ လျှောက်သွားနေသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဇာနည်ထွန်း(ခ)ထွန်းထွန်း၏ အလောင်းအား ရွှေမြို့ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ရေနစ်သေဆုံးရခြင်းအပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

#PAN