စပိန်ဂိုးသမား ဒီဂီယာ ကစားသမားဘဝမှ နားဖွယ်ရှိနေ

စက်တင်ဘာ ၂၄

      စပိန်ဂိုးသမား ဒီဂီယာ ဟာ မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး ကစား သမားဘဝကနေ အနားယူဖွယ် ရှိနေပါတယ်။ အသက် ၃၂ နှစ်အရွယ် ဒီဂီယာအနေနဲ့ မန်ယူအသင်းမှာ ၁၂ နှစ် ကြာကစားခဲ့ပြီး စာချုပ်သက်တမ်းကုန်ချိန်ဖြစ်တဲ့ နွေရာသီမှာတော့ အလွတ်ထွက်ခွာခဲ့တာပါ။ ဒီဂီယာကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေဘက်က ကမ်းလှမ်းမှုတွေရှိနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဥရောပမှာသာ ဆက်ကစား ချင်နေခဲ့တာ ဖြစ်ပါတယ်။

       ဒါကြောင့် ထိပ်တန်းအသင်းကြီးတွေရဲ့ကမ်း လှမ်းမှုကို စောင့်မျှော်နေပေမယ့် အဆင်မပြေခဲ့ရင် ကစားသမား ဘဝကနေ အနားယူဖွယ်ရှိနေတာပါ။ မွေးရပ်မြေကလပ် အက်သလက်တီကိုကနေ ၂၀၁၁ ခုနှစ်မှာ မန်ယူအသင်းဆီ ရောက်ရှိခဲ့တဲ့ ဒီဂီယာ ဟာ ၁၂ နှစ်တာအတွင်း ပြိုင်ပွဲစုံ ၅၄၅ ပွဲအထိ ကစားခဲ့တာဖြစ်ပါတယ်။

      မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ချန်ပီယံဆုတွေအပြင် ပြီးခဲ့တဲ့ရာသီက ၁၇ ပွဲ ပေးဂိုးမရှိ လက်စွမ်းနဲ့အတူ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

#PAN