(၇၅) နှစ်မြှောက် ကရင်နီ အာဇာနည်နေ့ကို KNPP ထိန်းချုပ်နယ်မြေတွင် စက်တင်ဘာလ ၈ ရက်နေ့တွင် ကျင်းပရန်ရှိ၊ ကရင်နီခေါင်းဆောင်များ တစ်စုတစ်ဝေးတည်းတက်ရောက်မည်

စက်တင်ဘာ ၇

        (၇၅) နှစ်မြှောက် ကရင်နီ အာဇာနည်နေ့ကို 
မနက်ဖြန် စက်တင်ဘာလ ၈ ရက်နေ့တွင် KNPP ထိန်းချုပ်နယ်မြေဖြစ်သည့်   တလယ်ဒူဆို(တာလယ်ဒူဆို) ခေါ်  ညာမို(ညာမူ) မှာ အခမ်းအနား ကျင်းပ ပါမည်ဖြစ်ကြောင်း သိရပါသည်။

        ” မနက်ဖြန် နံနက်ပိုင်းအချိန်မှာ   KNPP / KNDF / KA  အစရှိတဲ့  ကရင်နီကအဖွဲ့တွေနဲ့ ခေါင်းဆောင်တွေ တစ်စုတစ်ဝေးတည်းတက်ကြမယ်၊ ကယားပြည်နယ်က လက်နက်ကိုင်အဖွဲ့အားလုံး တက်ကြမှာပါ ” ဟု KNPP နှင့် နီးစပ်သူ ကယားတိုင်းရင်း သားတစ်ဦးက ဆိုပါသည်။

        KNPP အနေဖြင့် ပြည်နယ်/ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စဲရေး Bilateral Agreement ကို သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေးမူကို လက်ခံထားသဖြင့် NCA လက်မှတ်ရေးထိုးရေးအတွက် တစ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။ ယခု ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲသမာမှုကြောင့် တပ်မတော်မှ နိုင်ငံ​တော် အာဏာကို ထိန်းသိမ်းပြီးနောက်ပိုင်းတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးမှုများကြောင့် ပဏာမအပစ်ရပ်စဲရေး ပျက်ပြားပြီး စစ်ပွဲများ ပြည်နယ်အနှံဖြစ်ပွား ခဲ့ပါသည်။

#PAN