စက်ဘီးအတူစီးလာသည့် အဒေါ်နှင့်တူဖြစ်သူတို့ PDF များထောင်ထားသည့်မိုင်းကြောင့် ခြေထောက်တွင်ဒဏ်ရာရ

—————-

စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာအဝင်တွင် PDF များထောင်ထား သည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိကြောင်းသိရပါသည်။

စက်တင်ဘာလ ၅ ရက် နံနက် ၁၀နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ဝက်လက်မြို့၊ အမှတ် (၁) ရပ်ကွက်တွင်နေသည့် ဒေါ်ဖြူသွယ်ဦး(၄၀)နှစ်သည် တူဖြစ်သူ မောင်ဟိန်းမင်းထက်(၁၀)နှစ်နှင့်အတူ စက်ဘီးစီး၍ သခွတ္တောကျေးရွာသို့သွားရာ ၎င်းကျေးရွာအဝင်အရောက်တွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ၎င်းတို့ ၂ ဦးစလုံး ခြေထောက်များတွင် ဒဏ်ရာအသီးသီးရရှိကြောင်း သိရသည်။

ရွေဘိုမြို့နယ်ခရိုင်သည် လူသတ်အကြမ်းအဖက်PDFများက ခရိုင်းအတွင်းရှိမြို့နယ်အားလုံးတို့တွင် နေ့စဉ်ရက်ဆက်အကြမ်းဖက်လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်နေသလို ရွှေဘိုမြို့ပေါ် အကြမ်းဖက်အန္တရာယ်

တိမ်းရှောင်လာသူများကိုလည်း မြို့တွင်းဝင်ရောက်အကြမ်းဖက်သတ်ဖြတ်ခြင်းခံနေရသော ခရိုင်မြို့အဖြစ် လူသိများကြောင်းသိရပါသည်။

#PDF