“ရုရှားနိုင်ငံအား စစ်လက်နက် ထောက်ပံ့ ပေးပို့မှုများ နှင့်ပတ်သတ်ပြီး အမေရိကန် အစိုးရအနေဖြင့် မြောက်ကိုရီးယား နိုင်ငံ၏ အာဏာပ်ိုင်များကို အရေးယူ ပိတ်ဆို့မှု အသစ်များ ချမှတ်နိုင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့”

စက်တင်ဘာ ၆

မြောက်ကိုရီးယားနိုင်ငံ၏ အာဏာပိုင်များက ရုရှားနိုင်ငံအား စစ်လက်နက်များ ထောက်ပံ့ ပေးပို့ခြင်းနှင့် ပတ်သတ်ပြီး ၎င်းတို့၏ အစီအစဥ်များကို စွန့်လွှတ်နိုင်ရန် ရသမျှ အခွင့်အလမ်းများကို ရှာဖွေသွားမည်လို့ အမေရိကန် သမ္မတBiden အစိုးရ၏ အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ဖြစ်သည့် Jake Sullivan က ပြီးခဲ့သည့် စက်တင်ဘာ ၅ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းပွဲ တွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံတို့ အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာ မှုကို အမေရိကန်နိုင်ငံ အနေဖြင့် သတိပြုမိ ကြောင်း ၎င်းက ပြောကြားခဲ့ ပါသေးတယ်။

ယူကရိန်းမှာ အထူးစစ်ရေးလုပ်ဆောင်နေသည့် ရုရှား​နိုင်ငံအား ထောက်ပံ့ပေးပို့နိုင်ရန်လို့ ယူဆရသည့် လက်နက်ထောက်ပံ့မှုတွေအတွက် အမေရိကန်အစိုးရက မြောက်ကိုရီးယား အာဏာပိုင်တွေကို ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်နိုင် ဖို့ အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်း Jake Sullivan က အဆိုပါ သတင်းစာရှင်း လင်း ပွဲတွင် ထပ်လောင်း ပြောကြားထား ပါသေးတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားပါတယ်။