“ဆော်ဒီအာရေဗျ နိုင်ငံ နှင့် ရုရှားနိုင်ငံတို့က ယခုနှစ်ကုန် အထိ ရေနံစည် ထုတ်လုပ်မှုများကို လျော့ချလိုက်ပြီး နောက် ကမ္ဘာ့ရေနံစျေးနှုန်း များမြင့်တတ်ခဲ့ရပြီး ဆော်ဒီအာရေးဗီးယား နှင့် အမေရိကန် တို့ အကြား ဆက်ဆံရေး ဖိအားအသစ်များ ဖြစ်ပေါ်လာစေခဲ့”

စက်တင်ဘာ ၆

ဆော်ဒီအာရေဗျနိုင်ငံ သည် ယခုနှစ်ကုန်အထိ တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ သန်း ထုတ်လုပ်မှုများကို ၎င်းတို့နိုင်ငံ၏ ဆန္ဒ အလျောက် လျှော့ချ လိုက်ပြီး ဖြစ်ကြောင်း Saudi Press Agency သတင်းဌာန များက ဖော်ပြပြောဆို ထားကြပါတယ်။

ရုရှားနိုင်ငံသည်ယခုနှစ် ၂၀၂၃ကုန်အထိ တစ်ရက်လျှင် ရေနံစည် ၃၀၀,၀၀၀ တင်ပို့မှုများ လျှော့ချခြင်းကို သက်တမ်းတိုးသွား မည်ဖြစ်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Novak ကလည်း ထုတ်ပြန်ကြေညာ ထားပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ နှင့် ရုရှားနိုင်ငံ တို့သည် ၎င်းတို့၏ဆန္ဒအလျောက် ရေနံထုတ်လုပ်မှု ဖြတ်တောက်မှုကို ယခုနှစ်ကုန်အထိ သက်တမ်းတိုးမှုများပြုလုပ်နိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာ ၅ရက် အင်္ဂါနေ့တွင် သဘောတူညီ ခဲ့ကြပြီး ကမ္ဘာ့ဈေးကွက်မှ ရေနံစိမ်းစည်ပေါင်း ၁.၃ သန်းကို လျှော့ချကာ စွမ်းအင်စျေးနှုန်းများ မြှင့်တတ်လာဖွယ်ရှိနေပါတယ်။

Riyadh(ဆော်ဒီအာရေဗျ) နှင့် Moscow (ရုရှား) တို့မှ အထက်ပါ ကြေငြာချက်များ ကြောင့် Brent ရေနံစိမ်းသည် ပြီးခဲ့သည့် စက်တင်ဘာ၅ ရက် အင်္ဂါနေ့မွန်း လွဲပိုင်းတွင် ရောင်းဝယ်မှုများတွင် တစ်စည်လျှင် ကန်ဒေါ်လာ $90 အထက်သို့ ထိုးတတ်ခဲ့ပြီး နိုင်ငံများ၏ လှုပ်ရှားမှုများသည် ဓာတ်ဆီပန့်ဆိုင်များ နှင့် ယာဉ်မောင်းသူများအတွက် ငွေကြေးဖောင်းပွမှု နှင့် ကုန်ကျစရိတ်ကို တိုးမြင့်လာစေနိုင်ပါတယ်။

မော်စကိုက ယူကရိန်းစစ်ပွဲကြောင့် ရုရှား နိုင်ငံ၏ ရေနံတင်ပို့မှုများကို ဖြတ်တောက်ခြင်းအတွက် သတ်မှတ်ထားသော “အကျိုးဆက်များ” ရှိလာနိုင်မည်လို့ သမ္မတ Joe Biden က ယမန်နှစ်က သတိပေးခဲ့သလို ဆော်ဒီအာရေးဗီးယားနှင့် အမေရိကန် တို့၏ ဆက်ဆံရေးအပေါ် ဖိအားအသစ်များ ဖြစ်ပေါ်လာ စေခဲ့ပြီလည်းဖြစ်ပါတယ်။