“ယခုလအတွင်း မြောက်ကိုရီးယား နိုင်ငံခေါင်း ဆောင် က ရုရှားသမ္မတ နှင့်တွေ့ဆုံမှုများ ပြုလုပ်နိုင်ရန် ရုရှားနိုင်ငံသို့ သွားရောက် လည်ပတ်မှုများ ပြုလုပ်ဖွယ်ရှိနေ”

စက်တင်ဘာ ၅

ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတော် (မြောက်ကိုရီးယား) ခေါင်းဆောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ယခုစက်တင်ဘာလ အတွင်း သွားရောက်လည်ပတ်နိုင်ရန် စီစဉ်ထား ကြောင်း သတင်းရင်းမြစ်များက ဖော်ပြပြော ဆိုထားကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် Kim Jong-un က ယခုလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်နိုင်ရန် စီစဉ်ထားပြီး ရုရှား – ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အခြားသောစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ရုရှားနိုင်ငံအား စစ်လက်နက်များ ထောက် ပံ့ပိုးပေးနိုင်ရေး ဆွေးနွေးနိုင်ရန် ရုရှားနိုင်ငံ သမ္မတ Putin နှင့် တွေ့ဆုံရန် စီစဉ်ထား ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း သည် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံရန် ရှိနေကြောင်းလည်း အမေရိကန် သမ္မတ အိမ်ဖြူတော်၏အရာရှိတစ်ဦးက တရားဝင် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ရက် တနင်္လာနေ့တွင် အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Adrienne Watson က ရုရှားနိုင်ငံ သမ္မတ နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် တို့၏ တွေ့ဆုံမှုသည် ရုရှား – မြောက်ကိုရီးယား နှစ်နိုင်ငံကြား လက်နက်ရောင်းချမှုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျမ လူသိရှင် ကြားသတိပေး ထားသည့် အတိုင်း ရုရှားနှင့် မြောက်ကိုရီးယား ကြား လက်နက်ညှိနှိုင်းမှုမှာ တက်ကြွစွာ တိုးတက် လာနေပါတယ်” လို့ Watsonလ က ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။