ပုလောမြို့နယ်တွင် ဆိုင်ကယ်​​ဖြင့် စျေးဝယ်ထွက်လာသည့် ပြည်သူတစ်ဥိီးကို အကြမ်းဖက်PDFများမှ သေနတ်ဖြင့် ပစ်ခတ်

စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၊ ပလောက်​မြို့၊ပုလောကုန်းကျေးရွာမှ ပုလောမြို့သို့စျေးဝယ်ရန်ဆိုင်ကယ်​​ဖြင့် သွားရောက်သော မဝေလွင်အောင် ၃၆နှစ်ခန့်အား ယနေ့ မွန်းလွဲ ၃နာရီ အချိန်ခန့်တွင် အကြမ်းဖက်PDFများမှ သေနတ်ဖြင့် ပစ်ခတ်သ​ဖြင့် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

​ဖြစ်စဥ်မှာ ပုလောကုန်းကျေးရွာမှ ဈေးဝယ်ထွက်လာသည့် မဝေလွင်အောင်သည် ပုလောကုန်း တမိုင်တောင်တံတားအလွန် တမိုင်တောင်ဂိတ်စခန်းအနီးတွင် အကြမ်းဖက်PDFများမှ ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရန် တားမြစ်ခဲ့ကြောင်း မဝေလွင်အောင်သည် လူသတ်အကြမ်းဖက်PDFများအား ကြောက်လန့်ကာ ရပ်တန့်ခြင်းမရှိပဲ မောင်းပြေးခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခံရမှု့ကြောင့် ၂ချက်ထိမှန်သွားခဲ့ကြောင်း ၎င်းသည် ကင်းစခန်းရောက်သည်အထိ ဆိုင်ကယ်ကိုမောင်းနှင်လာခဲ့ပြီး ကင်းစခန်းရှေ့တွင်လဲကျသွားခဲ့ကြောင်း သိရသည်။

ထို့နောက် မဝေလွင်အောင်ကို တပ်မတော်သားများမှနာရေးကူညီမှုအသင်းကားဖြင့်ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။