” အမေရိကန် သမ္မတ က အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်မည့် G20 ဆိုင်ရာ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ သမ္မတ တတ်ရောက်ခြင်း မရှိသည့် အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့”

စက်တင်ဘာ ၄

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်မည့် G20 ဆိုင်ရာ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသည့်အတွက် စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့သည့် စက်တင်ဘာ ၃ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

“စိတ်ပျက်မိပါတယ်… ဒါပေမယ့် သူ့ကို တွေ့ခွင့်ရမှာပါ” လို့ ဘိုင်ဒင်က အမေရိကန်နိုင်ငံ ဒဲလာဝဲ ပြည်နယ်ရှိ Rehoboth ကမ်းခြေတွင် သတင်းထောက်များအား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ သည် လာမည့် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်နေ့ အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အာရှတိုက် တွင် အမေရိကန်ဆက်ဆံရေး ခိုင်မာလာစေရန် ကြိုးပမ်းနေစဉ်အတွင်း အဆိုပါ ခရီးစဥ် အပြီးတွင် ဗီယက်နမ်နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်းလည်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။

ထို့နောက် တရုတ်နိုင်ငံဝန်ကြီးချုပ် Li Qiang သည် အိန္ဒိယ နိုင်ငံ နယူးဒေလီတွင် ပြုလုပ်မည့် G 20 ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ် Li Qiang ဦးဆောင်သည့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကိုယ်စားပြု အဖွဲ့ အဖြစ်ပါဝင်တတ် ရောက်သွားမည်ဖြစ်ကြောင်း ပေကျင်း(တရုတ်) က ယနေ့ တနင်္လာနေ့တွင် အတည်ပြုခဲ့ပြီး တရုတ်သမ္မတ ရှီက တက်ရောက် မည်မဟုတ် ကြောင်းလည်း တရားဝင်ထုတ်ပြန် ပြောကြား ခဲ့ပါတယ်။