အေးချမ်းစွာနေလိုသော တာ ဝန်သိပြည်သူများ ၏ လျှို့ဝှက် သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေးအဖွဲ့များက ရွှေဘိုမြို့နယ်၊ ကြက်တက်ကျေးရွာတွင် နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စက်တင်ဘာ ၃

        ယမန်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကြက်တက်ကျေးရွာတွင် အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း အေးချမ်းစွာနေလိုသော တာ ဝန်သိပြည်သူများ၏ လျှို့ဝှက် သတင်းပေးပို့မှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များသည် အဆို ပါရွာသို့ သွားရောက်၍ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သည်။

      ထိုသို့ နယ်မြေရှင်းလင်းရာ ကျေးရွာရှိ စာသင် ကျောင်းနှင့် ကျေးရွာအနီး သုဿာန်မှ PDF အကြမ်း ဖက်သမားများ သိုဝှက်ထားရှိသော လက်လုပ် စိန် ပြောင်း ၁  လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်ရှော့တိုက်ပြောင်း ၂၈ ခု၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁၀ လုံး၊ ၁၂ ဗို့ ဘက္တရီ ၅ လုံး၊ အရှည်ပေ ၂၀၀ ခန့်ရှိ ဝါယာကြိုး ၁ ခွေ၊ ဘော့စေ့ (၅၀)လုံးပါ ၅၄ ဘူး၊ ကား ၁ စီး၊ ထိပ်တုံး ၁ ခု၊ ဆိုင်ကယ်မျိုးစုံ ၁၁ စီး  တို့ကို သိမ်း ဆည်းရရှိခဲ့သည်။

      ၎င်းနောက် နယ်မြေလုံခြုံရေးအဖွဲ့များသည် အဆိုပါ ကြက်တက်ရွာ အနီးပတ်ဝန်းကျင်းကို ဆက်လက်ရှင်းလင်းရာ နံနက် ၁၁ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမား PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား PDF ၂ ဦးကို လက်လုပ်သေနတ် ၂ လက် တို့နှင့်အတူ အသေဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN