ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ဆိုင်ကယ်ပွဲစားတန်းဥက္ကဌအား အကြမ်းဖက်သမား ၂ဉီးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၂

ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊၅၉လမ်းနှင့်၁၁၀(အေ)လမ်းထောင့်၌ ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌကို အကြမ်းဖက်သမားများက ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် သေနတ်ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားကြောင်းသိရသည်။

ပစ်ခတ်ခံရသူ ဦးမော်ကြီးသည် ဆိုင်ကယ်ပွဲစားတန်း(ဥက္ကဌ)၊ ၆၂နှစ်၊(ဘ)ဦးမောင်ကို ၊ဆိုင်ကယ်ဝယ်ရောင်း၊အကွက် ရမမ-၁၃၊၁၁၆ဘီလမ်း၊၅၃×၅၄ကြား၊မြရည်နန္ဒာရပ်ကွက် နေသူတွင် ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၃ချက် ၊ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ယာဘက်ပခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၂ချက်ဖြင့် သေဆုံးသွားပြီး ၅၉×၁၁၀(A)လမ်း ထောင့်တွင် ဝက်သား​ရောင်းနေသော ဒေါ်ဌေးဌေး(ဘ)ဦးပိုင်၊ကန်သာယာရပ်ကွက်နေထိုင်သူတွင် ယာဘက်ပေါင် ကျည်​ဖောက်ဝင်ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ဦးမော်ကြီးသည် ၅၉×၁၁၁ထောင့်ရှိ စိန်မေတ္တာ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ပြီး ကလစ်နီ/နက်ရောင်ဆိုင်ကယ်ဖြင့် ၅၉လမ်းအတိုင်းတောင်မှမြောက်သို့မောင်းနှင်လာစဉ် ၅၉လမ်းနှင့် ၁၁၁အေလမ်း ထောင့်အရောက်တွင် လားရာတူ နောက်မှလိုက်လာ သော CZI အနက်ရောင် အမျိုးအစား(နံပါတ်မပါ) ဆိုင်ကယ်ဖြင့်လူငယ်(၂)ဦးမှ သေနတ်တိုဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပြီး အခင်းဖြစ်နေရာအနီးမှ 380-AUTO PMC ကျည်ခွံ ၇ခု၊ ‌‌ကျည်ဖူး(၁)ခု၊၄ကျည်(၁)တောင့်တို့ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်သတ်ဖြတ်မှု့နှင့်ပါတ်သက်၍ သက်ဆိုင်ရာနယ်မြေခံ လုံခြုံရေးအဖွဲ့တာဝန်ရှိသူများမှ လိုက်လံစုံစမ်း စစ်ဆေးလျှက်ရှိပြီး အမြန်ဆုံးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN