ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် ဆိုင်ကယ်ပွဲစားတန်း ဥက္ကဌ ကို လူသတ် အကြမ်းဖက် PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၊ အနီးရှိ ဝက်သား​ရောင်းနေသည့် စျေးသည်ပါ သေနတ်မှန် ဒဏ်ရာရ

စက်တင်ဘာ ၂

        မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊၅၉လမ်းနှင့် ၁၁၀ (အေ)လမ်းထောင့်၌ ဦးမော်ကြီး၊ ၆၂နှစ်၊(ဘ)ဦးမောင်ကို ၊ဆိုင်ကယ်ဝယ်ရောင်း၊၅၉လမ်းနှင့် ၁၁၀ (မနော်ဟရီ)လမ်း၊ဆိုင်ကယ်ပွဲစားတန်း(ဥက္ကဌ)၊အကွက် ရမမ-၁၃၊၁၁၆ဘီလမ်း၊၅၃×၅၄ကြား၊မြရည်နန္ဒာရပ်ကွက်နေသူကို ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လူသတ် အကြမ်းဖက် PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးမော်ကြီးတွင် တွင် ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက် ၊ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ယာဘက်ပခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့် အခင်းဖြစ်နေရာတွင် လဲကျသေဆုံးခဲ့ပြီး အခင်း ဖြစ်နေရာအနီး ၅၉×၁၁၀(A)လမ်းထောင့်တွင် ဝက်သား​ရောင်းနေသော ဒေါ်ဌေးဌေး(ဘ)ဦးပိုင်၊ဖ-၂/၇၈၊ကန်သာယာရပ်ကွက်နေထိုင်သူတွင် ယာဘက်ပေါင် ကျည်​​ဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

        ဖြစ်စဥ်မှာ သေဆုံးသူ ဦးမော်ကြီးသည် ၅၉×၁၁၁ထောင့်ရှိ စိန်မေတ္တာလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ပြီး MDY-53W/53256၊ ကလစ်နီ/နက်ရောင်ဆိုင်ကယ်ဖြင့် ၅၉လလမ်းအတိုင်း တောင်မှမြောက်သို့မောင်းနှင်လာစဉ် ၅၉လမ်းနှင့် ၁၁၁အေလမ်းထောင့်အရောက်တွင် လားရာတူ နောက်မှလိုက်လာ သော CZI အနက်ရောင် အမျိုးအစား(နံပါတ်မပါ) ဆိုင်ကယ်ဖြင့် လူသတ်အကြမ်းဖက်PDF ၂ ဦးက စိစစ်ဆဲသေနတ်အတိုဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် အခင်း ဖြစ်နေရာအနီးမှ 380-AUTO PMC ကျည်ခွံ ၇ခု၊ ‌‌ကျည်ဖူး ၁ ခု၊ ၎င်းကျည် ၁ တောင့်တို့ တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

       သေဆုံးသူ ဦးမော်ကြီးသည် သာမန်ပြည်သူတစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ပကြမ်းဖက် PDF များက သတ်ဖြတ်ရသည်ကို မသိရသေးကြောင်း၊ ဆိုင်ကယ်ပွဲစားတန်းတွင် လူရှုပ်ကြောင်း၊ ၎င်းသည် ဆိုင်ကယ်ပွဲစားတန်း ဥက္ကဌ တစ်ဦးဖြစ်သဖြင့် အရောင်းအဝယ်ကိစ္စများတွင် မကျေနပ်သူများလည်းရှိနိုင်ကြောင်း၊ ထိုမကျေနပ်သူများက အကြမ်း ဖက် PDF များကို ဒလန်ဟုသော စွပ်စွဲပြီး သတင်းပေးနိုင်ကြောင်း၊ ငွေပေးပြီး အကြမ်းဖက် PDF များကို သတ်ခိုင်း တာလဲ ဖြစ်နိုင်ကြောင်း ဆိုင်ကယ်ပွဲစားတန်းမှ ဒေသခံတစ်ဦးထံမှ သိရပါသည်။

#PAN