ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ(ကချင်)ရွာကို TNLA အကြမ်းဖက်သောင်းကျန်းသူများက ၆၀ မမ စိန်ပြောင်းဖြင့် ထပ်မံပစ်ခတ် ဒေသခံ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

စက်တင်ဘာ ၂

        ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ(ကချင်)ရွာကို TNLA အကြမ်းဖက်သောင်း ကျန်းသူများက ၆၀ မမ စိန်ပြောင်းဖြင့် ရွာအတွင်းသို့ ၅ လုံးဖြစ်ခတ်ခဲ့ရာ ၂ လုံးမှာ ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

         ထိုသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများဖြစ်ကြသော ဦးပေါင်လာ၊ (ကချင်/ခရစ်) (သေဆုံး)၊ ဦးဇော်ဒွဲ၊ (ကချင်/ခရစ်) (စိုးရိမ်ရ)၊ မခေါင်နန်း၊ (ကချင်/ခရစ်) (မစိုးရိမ်ရ)တို့ သေဆုံး/ဒဏ်ရာရရှိခဲ့ကြသည်။

        ဒဏ်ရာရရှိသူ ၂ ဦးကို နယ်မြေခံစစ်ကြောင်းမှ ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

      TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် KIA အဖွဲ့ကို မကျေနပ်ရာမှ ကချင်ရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းပြီး သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့်အဆိုပါ နမ့်ဖက်ကာရွာအတွင်း ကျရောက်ပေါက်ကွဲကာ ကချင်တိုင်းရင်းသား အပြစ်မဲ့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါသည်။

#PAN