“ဟာရီကန်း မုန်တိုင်း Idalia ကြောင့် အမေရိကန်နိုင်ငံ၏ အကြီးမားဆုံး ရေနံထုတ်လုပ်သူ Chevron ကုမ္ပဏီကြီးက အမေရိကန် နှင့် မက္ကဆီကို ပင်လယ်ကွေ့ အတွင်းရှိ ရေနံတူးဖော်ရေး လုပ်ငန်းများကို ရပ်နားထားခဲ့ရ”

စက်တင်ဘာ ၁

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး Chevorn သည် ဟာရီကိန်း Idalia ဝင်ရောက်တိုက်ခတ်မှု မတိုင်မီ အမေရိကန် မက္ကဆီ ကိုပင်လယ်ကွေ့ရှိ ရေနံတူး ဖော်ရေးလုပ်ငန်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရပြီး အမေရိကန် ရေနံထုတ်လုပ်သူ Chevron က ဟာရီကိန်းမုန်တိုင်း Idalia မတိုင်မီ အမေရိကန် မက္ကဆီကိုပင်လယ်ကွေ့ ရေနံတူးဖော်ထုတ်လုပ်ရေး လုပ်ငန်း သုံးခုမှ ဝန်ထမ်းများကို ရွှေ့ပြောင်းပေးထားရကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၂၉ရက်နေ့ အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံ National Hurricane Center ၏အဆိုအရ ဟာရီကန်း မုန်တိုင်း dalia သည် ပြီးခဲ့သည့် သြဂုတ်၃၀ ရက် ဗုဒ္ဓဟူးနေ့တွင် အဓိက အင်အားကြီး ဖြစ်လာနိုင်သော ဟာရီကိန်း မုန်တိုင်း ကြီး အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ မျှော်လင့်ရကြောင်း အမျိုးသား ဟာရီကိန်းစင်
တာ၏ ပြောကြားချက်အရ သိရပါတယ်။

အမေရိကန် ပင်လယ်ကွေ့ရှိ တတိယအကြီးဆုံး ရေနံထုတ်လုပ်ရေး Chevron ကုမ္ပဏီကြီးက ၎င်းတို့၏ မရှိမဖြစ်လိုအပ်သော ဝန်ထမ်း များအား Blind Faith တူးဖော် ရေးနေရာ နှင့် Petronius ရေနံတူးဖော်ရေး နေရာများ ကနေဖယ်ရှားခဲ့ပြီး နောက် Genesis platform ရေနံတူးဖော်ရေးလုပ်ငန်း မှ လည်း ဘေးလွတ်ရာ ဖယ်ရှားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ရေနံတူးဖော်ရေး ဇုံကြီးများဖြစ်ကြသည့် Blind Faith နှင့် Petronius တို့သည် မက္ကဆီကိုအလယ်ပိုင်း ပင်လယ်ကွေ့ရှိ New Orleans ၏ အရှေ့တောင်ဘက် မိုင် ၁၆၀ အကွာတွင်ရှိနေတာလည်းဖြစ်ပါတယ်။

Chevron ရေနံကုမ္ပဏီကြီး လည်ပတ်နေသည့် မက္ကဆီကို ပင်လယ်ကွေ့ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့စက်ရုံများကိုတော့ ထုတ်လုပ်မှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားပါတယ်။