ဗုံး​ပေါက်ကွဲသည့် မန္တ​လေးတိုင်း​ ကျန်းမာ​ရေးဉီးစီးဌာနရုံးကို လုံခြုံရေးအဖွဲ့မှ စစ်ဆေး​ေနစဉ်အကြမ်းဖက်သမားများမှ နောက်ထပ်ဗုံးနှစ်လုံးဖြင့် လာရောက်ဖောက်ခွဲ

ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး ချမ်း​အေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၇၀၊ ၂၇×၂၈ လမ်းကြားရှိ မန္တ​လေးတိုင်း​ဒေသကြီး ကျန်းမာ​ရေးဉီးစီးဌာနရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ဗုံး​ပေါက်ကွဲမှု ဖြစ်ပွား​ကြောင်းသိရသည်။

ဗုံးပေါက်ကွဲရာနေရာသို့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က စစ်ဆေးနေစဉ် အမည်မသိ အမျိုးသား ၂ ဉီးသည် ရုပ်ဆိုးဆိုင်ကယ် (စိစစ်ဆဲ)ဖြင့် ဝင်​ရောက်လာပြီး တိုင်း​ဒေသကြီး ကျန်းမာ​ရေးဉီးစီးရုံး ဆင်ဝင်​အောက်တွင် လက်ပစ်ဗုံး ၁လုံး၊  ဆင်​အောက်၏ အ​နောက်ဘက် ကပ်လျက်ရှိ ဝင်စာ/ ထွက်စာ ခန်းအတွင်း သို့ လက် ပစ်ဗုံး ၁ လုံးတို့ဖြင့် ဝင်​ရောက် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်ဖောက်ခွဲမှု့ကြောင့် ကျန်းမာ​ရေးဝန်ထမ်းများဖြစ်​သော​ဒေါ်စိမ်းလဲ့လဲ့၊ ၅၄ နှစ်၊ လက်​ထောက်ညွှန်ကြား​ရေးမှူး ၊ ဝန်ထမ်းအိမ်ရာ၊ ၃၅×၆၆ လမ်း​ထောင့်၊ ချမ်း​အေးသာစံမြို့နယ်​နေသူတွင် ဉီး​ခေါင်း ဗုံးစ ထိမှန်ဒဏ်ရာ ( စိုးရိမ်ရ)၊​ဒေါ်​အေး​အေးနွဲ့၊ ၆၃ နှစ်၊ ရုပ်သံကျွမ်းကျင် (၄)၊ ၆၂ လမ်း၊ ၃၂×၃၅ လမ်းကြား၊ ချမ်း​အေးသာစံမြို့နယ်​နေသူတွင် ဝဲ/ယာ​ပေါင်၊​ခြေသလုံး ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊​ဒေါ်ယု​ဆွေဝင်း၊ ၂၁ နှစ်၊ နေ့စားဝန်ထမ်း၊ အမရပူရမြို့နယ်​နေသူတွင် ဝဲ/ယာ​ခြေ​ထောက်နှင့်​ခြေဖဝါး ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊​ဒေါ်ဝင်းခိုင် ၊ ၄၉ နှစ်၊ ရုံးအကူဝန်ထမ်းတွင် ဝဲ​ပေါင်နှင့် ဒူး ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊​ဒေါ်စိန်​ထွေး၊ ၅၉ နှစ်၊ ရုံးအကူတွင်ဝဲ​ခြေဖဝါး ဗုံးစထိမှန် ဒဏ်ရာ တို့ရရှိခဲ့ကြကြောင်း သိရသည်။

ဗုံးဖြင့် လာ​ရောက်ပစ်ခတ်သူများမှာ လမ်း ၇၀ အတိုင်း​တောင်ဘက်သို့​မောင်းနှင် ထွက်​ပြေးသွားခဲ့​ကြောင်းသိရပြီး ဗုံး​ပေါက်ကွဲမှု​ကြောင့် ဒဏ်ရာရရှိသူများအား တိုင်းကျန်းမာ​ရေးရုံး​မော​်တော်ယဉ်ဖြင့် မန္တ​လေးပြည်သူ့​ဆေးရုံးကြီးသို့ ပို့​ဆောင် ကုသမှုပေးထားကြောင်း သိရသည်။