ဝိုင်းမော်တွင် တရုတ်နိုင်ငံသား ငှက်ပျောစိုက်ပျိုးရေးပညာရှင် သေနတ်ထိမှန်

(မှုခင်း)ဇူလိုင် ၂၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ နီကူဒေးကျေးရွာရှိ ထိန်မင်းငှက်ပျောစိုက်ပျိုးရေးဆိုဒ်တွင် ဇူလိုင် ၂၅ ရက် ညနေပိုင်းက တရုတ်နိုင်ငံသား ငှက်ပျောစိုက်ပျိုးရေးပညာရှင်တစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညနေ ၆ နာရီခန့်တွင် အသက်နှင့်ကိုယ်ရေးအချက်အလက်များ ဖော်ပြထားသည့် တရုတ်နိုင်ငံသား ဟန်ကျိုးယို့သည် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဝိုင်းမော်ဆေးရုံသို့ ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၎င်းတွင် ဘယ်ဘက်ခြေထောက်၌ သေနတ်ထိမှန်၍ အရိုးပွင့်ကျိုးဒဏ်ရာနှင့် ညာဘက်လက်ဖျံ၌ သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး လူနာအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

ဝိုင်းမော်ဆေးရုံ၌ လိုအပ်သည့် အရေးပေါ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ည ၈ နာရီတွင် ဆက်လက်ကုသမှုခံယူနိုင်ရန် ရဲဆေးစာနှင့်အတူ မြစ်ကြီးနားဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN